Part - 4 [Uni&Zaw]

964 33 4
                                    

Unicode

စွဲမက် ရှုတင်ကိုရောက်​တော့အားလုံးကအဆင်​သင့်​ဖြစ်​​နေပြီဖြစ်သည်။

ဟင်​....၊
အောင်မြင်ထည်ဝါကြီး....၊
ဒီ​နေ့သူရိုက်​စရာSceneမှမပါတာဘာလို့လာတာပါလ်ိမ့်​။

စွဲမက်က ထည်ဝါ့ကိုအမြင်မကြည်ချင်တာမို့ ထည်ဝါ့ကိုမြင်တာနဲ့ အောင်မြင်ထည်ဝါကြီးလို့သာတစ်လုံးတစ်ခဲခေါ်တတ်သည်။

စွဲမက် သူနဲ့ခပ်လှမ်းလှမ်းထိုင်ရင်း သူမPAနဲ့စကားပြောနေသည့် ထည်ဝါ့ကိုကြည့်ကာ အတွေးများနေတုန်း....၊

"စွဲမက် အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်...စွဲမက် အိုခေတယ်"

"အဲ့တာဆို စလိုက်ကြရအောင်"

"ဟုတ်"

ဒီနေ့အတွက် Sceneက စွဲမက်နဲ့အရံမင်းသမီးက ရေကူးကန်ဘောင်ပေါ်မှာအတူရပ်ကာစကားပြောရမည်။ထို့နောက် စကားများကြကာ အရံမင်းသမီးကို စွဲမက်ကို ရေကူးကန်ထဲသို့တွန်းလိုက်ခြင်းပင်။

"5,4,3,2,1 Go"

"နင့်လိုတရားမဝင်သမီးကို ကုမ္ပဏီရဲ့ရှယ်ယာတွေခွဲပေးမယ်လို့ အိမ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်"

"အိမ်မက်ဆိုတာ အိပ်နေတဲ့လူတွေအတွက်ပဲ....ကျွန်မက အိပ်ပျော်နေတာမှမဟုတ်ဘဲ...၊ပြီးတော့ ရှယ်ယာတွေနဲ့ပတ်သတ်ပြီးကလည်း ဒယ်ဒီစကားတစ်ခွန်းပဲလေ"

"နင်....နင်..."

တစ်ဖက်ကလူရဲ့Moodကို အရဖမ်းကာ စွဲမက်ကလည်း အပီအပြင်ကိုကြိုးစားသရုပ်ဆောင်သည်။မျက်နှာလေးမဲ့ကာမထီတထီပုံလေးက အတော်ကိုသဘာဝဆန်လွန်းက ချစ်စရာလည်းကောင်းနေတာကြောင့် ထည်ဝါ ဟက်ခနဲပြုံးမိသွားသည်။ဒီကောင်မလေး တကယ်ကိုအနုပညာသွေးပြည့်ကာ တော်ကိုတော်လွန်းနေသည်ပင်။

ခဏလောက်ကြာတော့ အဓိကနေရာကိုရောလာလေသည်။အရံမင်းသမီးက စွဲမက်ကို ရေကန်ထဲတွန်းချသည့်နေရာပင်။အကုန်လုံးအဆင်သင့်ဖြစ်နေပြီမို့ အရံမင်းသမီးက သူ့လုပ်ကွက်ကို စတင်အကောင်အထည်ဖော်လိုက်သည်။

"နင်လို မိန်းမက ဒါနဲ့ပဲတန်တယ်"

ပြောပြီးတာနဲ့ စွဲမက်ပခုံးကို အားပါပါနဲ့တွန်းချပစ်သည်။သို့သော် ဒါရိုက်တာလိုချင်တဲ့ အကျနဲ့စွဲမက်ရဲ့အကျက အနည်းငယ်ကွဲလွဲနေတာကြောင့်....၊

Make You MineWhere stories live. Discover now