Part - 2 [Uni&Zaw]

1.2K 28 0
                                    

Unicode

"ကိုယ်တို့နှစ်​ယောက်​အတွက်​ဆုံစည်းခွင့်​လေးဆိုတာ သောင်​ပြင်​ပေါ်ကသဲနန်း​တော်​ပဲ စွဲမက်ဖွယ်"

နောက်ဆုံးအကြိမ်အဖြစ် ကိုကို စွဲမက်ကိုပြောခဲ့တဲ့စကား။တကယ်​တော့ စွဲမက်တို့နှစ်​ယောက်​ရဲ့ချစ်​ခြင်း​တွေကဆုံစည်းခွင့်​မရှိတာမဟုတ်​ပါ။ကိုကို ကိုယ်တိုင်ကမဆုံစည်းနိုင်​အောင်​ရိုက်​ချိုးခဲ့တာ။အားလုံးကကိုကို့ကြောင့်​။

စွဲမက်လိုဘယ်​သူကိုမှမခင်​တွယ်​တတ်​တဲ့ မိန်းမကို ခင်​တွယ်​တတ်​အောင်​၊ချစ်တတ်အောင်သင်​ပေးပြီးရက်​ရက်​စက်​စက်​စွန့်​ပစ်​သွားခဲ့တာ။ကိုကို​တော်​ပါတယ်​။​နောက်​ဆုံး​တော့ စွဲမက်ဖွယ်ဆိုတဲ့ ဒီမိန်းမကပဲဗိလိန်​ကြီးဖြစ်​ခဲ့ရတယ်​။ဒါပေမဲ့ ဗီလိန်ဖြစ်ခဲ့ရင်တောင် စွဲမက်က ဗီလိန်ပီသအောင်နေမှာကိုကို။ဗီလိန်ဆန်တဲ့မိန်းမတစ်ယောက်ရဲ့ အတ္တကြီးတဲ့အချစ်တွေကို ကိုကိုခံစားစေရမယ်။ကိုကို စွဲမက်လက်ကဘယ်တော့မှ မလွတ်စေရဘူး။

နာကျင်မှု့တို့ကို ဝိုင်နီနီနဲ့ စွဲမက်အရည်ဖျော်ချပစ်သည်။ရီဝေဝေဖြစ်နေတဲ့မှတ်ဉာဏ်ထဲမှာတော့ အတိတ်က အဖြစ်အပျက်တို့က ပြတ်ပြတ်သားသား၊ရှင်းရှင်းလင်းလင်း။ချိုမြိန်ခြင်း၊နာကျင်ခြင်းတွေ ပူးယှက်ရောထွေးကာ အတိတ်ရဲ့နေ့ရက်ပန်းချီတွေက အရောင်အသွေးစုံလျက်။

ထို့နောက် အသိစိတ်​ရောနှလုံးသားကပါ ကိုကိုနဲ့ကြည်​နူးခဲ့ဖူး​သောအတိတ်​တစ်​ခုဆီသို့......။

"ထည်ဝါရာစဉ်းစား​ပေးလိုက်​စမ်းပါကွာ"

"မစဉ်းစား​ပေးနိုင်​ဘူးကွာ...ငါရိုက်​ကူး​ရေးလုပ်တာနဲ့ Series​တွေရိုက်​ချင်ပေမယ့် အဲ့ဂျစ်တူးမလေးနဲ့တော့ တွဲမလုပ်နိုင်ဘူး...ငါ့ကိုလာမစွယ်​နဲ့..."

"ထည်ဝါ မင်းကလည်းခေါင်းမာမနေစမ်းပါနဲ့၊မင်းကရုပ်​ရည်​ရောအရည်​အချင်းပါပြည့်​စုံပြီးသား...အခုမင်းကအားကစားဘက်​မှာအရမ်း​အောင်​မြင်​နေတဲ့သူ...အခုမင်းဒီseries ရိုက်​လိုက်​လို့​အောင်​မြင်​သွားရင်​မင်းကအနုပညာဘက်​မှာပါသာသွားမှာ...မင်းကအဆို​ရောအတီး​ရောအကုန်​တော်​တယ်​...မင်းFan​တွေကလဲမင်းကိုအနုပညာအလုပ်​တွေကိုလုပ်​စေချင်​မှာပဲ.."

Make You MineWhere stories live. Discover now