Zero³

508 28 0
                                        


"ရှောင်ကျန့်ကို အခုချိန်ထိ ရှာမတွေ့သေးဘူးလား"

".."

လက်ထောက်လေးက မျက်လွှာချပြီး ခေါင်းခါပြတယ်။

Tsk*

[ ပျောက်ဆုံးသူ :

တက္ကသိုလ် ကျောင်းသား - Xiao Zhan

အသက် - 21

မပျောက်ဆုံးခင် နောက်ဆုံး အထိအတွေ့ရှိခဲ့သူ - Wang Yibo

ပျောက်ဆုံးနေကြောင်း တိုင်ချက်ဖွင့်ထားသူ - တရားခံရဲ့ မွေးစားအစ်ကို Wang Yibo, 25 နှစ်။ ]

အချက်အလက်တွေ ဖြည့်စွက်ထားတဲ့ စာရွက်ကိုကြည့်ပြီး inspector တစ်ယောက် အကြပ်ရိုက်နေသည်။

ရှောင်ကျန့် ပျောက်နေတာ ခုဆို ၂ ပတ်ကျော်နေပြီ။
သူတို့တွေ အတတ်နိုင်ဆုံး ခြေရာခံနေပေမယ့် အခုချိန်ထိ သတင်းစ တစ်ခုတောင် မရသေးဘူး။

အမှုတိုင်ထားတဲ့ သူနဲ့ အနည်းငယ် ထိတွေ့စကားပြောချင်သော်လည်း Wang Yibo ဆိုတဲ့ လူက တော်ရုံတန်ရုံ တွေ့ဖို့ လွယ်တဲ့သူမျိုး မဟုတ်ပြန်။

Inspector တစ်‌ယောက် စိတ်ရှုပ်လွန်းလို့ ရူးချင်လာသည်။ Xiao အိမ်တော်က ပိတ်ကား နောက်ကွယ်မှာ ဘာ စီးပွားရေးတွေများ လုပ်နေတာလဲ။

အပြစ်မရှိတဲ့ ကလေးက ပြန်ပေးဆွဲခံရလောက်တဲ့အထိ ဆိုတော့ ရန်သူတွေများတယ် ထင်တယ်။  ...

"ငါ့ကို တစ်ခု စုံစမ်းပေး၊ ဒီ မိသားစုရဲ့ စီးပွားရေး နဲ့၊
သူတို့နဲ့ အဆက်အသွယ်လုပ်နေတဲ့ စီးပွားရေးသမားတွေရဲ့ စာရင်းရယ် ၊ သူတို့နဲ့ ရန်ငြိုးရှိတဲ့ အိမ်တော်တွေရယ်။ အဲ့တာကို ငါ နောက်ရက်မှာ လိုချင်တယ်"

"အမ်... Xiao အိမ်တော်ရဲ့ စီးပွားရေးဆိုတာ perfume company ရဲ့ လှုပ်ရှားမှုတွေကိုပြောတာလား chief? အဲ့တာဆို ကျွန်တော်တို့ သိထားတဲ့အတိုင်း သူတို့က အရှုပ်အရှင်းကင်းတယ်လေ"

"‌ငါပြောတာ နောက်ကွယ်က စီးပွားရေးကို ပြောနေတာ။ Xiao အိမ်တော်က လက်ရှိစီးပွားရေးတစ်ခုတည်းနဲ့တော့ အဲ့လောက်ထိ ချမ်းသာတာမျိုး မဖြစ်နိုင်ဘူး။ နောက်ပြီး မင်းပြောသလို သူတို့က အရှုပ်အရှင်းကင်းတယ်ဆိုရင် ကလေးကို ပြန်ပေးဆွဲတာမျိုး ဖြစ်လာနိုင်မလားကွ။ တစ်ခုခုတော့ ရှိမယ်ထင်တယ်။ ရှာလို့ရသလောက် ရှာကြည့်ရအောင်"

SOUL TIED (Yizhan)Where stories live. Discover now