"အစပျိုးရာ ၆"
*****
*တံခါးခေါက်သံ*
ရိပေါ် ထပြီး ဖွင့်ပေးလိုက်သည်။
"အမေတို့ စကား ခဏပြောကြမလား သား"
သူ ခေါင်းညိတ်ပြီး လက်ခံလိုက်တယ်။
"အားကျန့်က သားကို တစ်နေကုန် ပစ်ထားသလို ခံစားနေရတယ်မလား။ အမေသိပါတယ်။ မနက်တည်းက အမေ့သား အထီးကျန်ပြီး မျက်နှာမကောင်းဖြစ်နေတယ်ဆိုတာကို အမေ မြင်တယ်"
"....."
"ဒီနေ့တစ်ရက်တော့ လွှတ်ထားပေးလိုက်ပါ၊ သူ့ အဖေက မနက်ဖြန်ဆိုရင်ပဲ အလုပ်ကိစ္စနဲ့ ခရီး ပြန်သွားရဦးမှာဆိုတော့ သူ့သားငယ်လေးကို အပိုင်ယူထားချင်နေတာ၊ သားကပဲ နားလည်ပေးလိုက်နော်"
"... ဦး--- အဖေက ဘာအလုပ်လုပ်တာလဲ အမေ"
နာမည် မှားခေါ်မိတော့ မလို့။ အမေ့ကို စိတ်မကောင်း မဖြစ်စေချင်တာကြောင့် ရိပေါ် သူ့ကိုယ်သူပြန်သတိကပ်ပြီး ပြင်ပြောလိုက်တယ်။
"သားအဖေက DL ရဲ့ အကြီးအကဲလေ"
အများကြီး ရှင်းပြစရာ မလိုခဲ့ဘူး။ ရိပေါ် သဘောပေါက်သည်မို့ ခေါင်းညိတ်ပြလိုက်သည်။
"သားကပဲ သဘောထားကြီးပေးလိုက်ပါ့မယ် အမေ"
သူ့စကားကြောင့် အမေက ရယ်တယ်။
"ကဲပါ၊ မေ့သား စာလုပ်နေတာကို မနှောင့်ယှက်တော့ပါဘူး။"
ပြောတာကို ရပ်ပြီး ရှောင်မားမားက ရိပေါ် နား,နား တိုးကပ်လာသည်။
"ညကျရင် အားကျန့်လေးကို သားဆီ လွှတ်လိုက်မယ်နော်"
"ဟုတ်!"
*****
ည ၁၁ ခွဲ။
"ကိုကို?"
တံခါးခေါက်သံနဲ့အတူ အသံတိုးတိုးလေးကိုပါ ရိပေါ် ကြားလိုက်ရသည်။
သူ ခပ်မြန်မြန်ပဲ တံခါးဖွင့်ပေးလိုက်ပေမယ့် မျက်နှာကတော့ တည်မြဲတည်ဆဲ။
"ဟဲဟဲ သားကို လွမ်း-လွမ်းနေလားဟင်"
"မလွမ်းပါဘူး"
"...... အဲ့အဖြေကြီး မ-မကြိုက်ဘူး"
"မတတ်နိုင်ဘူး"
YOU ARE READING
SOUL TIED (Yizhan)
RomansaWarning : 1# The story revolves around only two characters, Wang Yibo and Xiao Zhan. Other characters will not be described. 2# The plot is very simple and yet very complicated. 3# A very few of bed scenes. 4# Both zawgyi and Unicode. and the las...