Chapter Two

418 37 2
                                        

" အစပျိုးရာ ၂ "

****

Knock knock*

ခပ်တိုးတိုး တံခါးခေါက်သံကြောင့် ရိပေါ် နိုးလာခဲ့သည်။ ‌သူ့လက်မောင်းပေါ်မှာ အိပ်မောကျနေတဲ့ ကလေးငယ်လေးရှိနေတာကြောင့် သိပ်ပြီး မလှုပ်ရှားရဲ။

*Door opens*

"အယ်.."

ရှောင်မားမားက သူ့သား အားကျန့်ကို ရိပေါ်နဲ့အတူ တွဲမြင်လိုက်တော့ အံ့ဩသွားတယ်။

"အမေ"

"ရှူးး* ခဏနေရင် ညီလေးကို နှိုးပြီး အောက်ဆင်းခဲ့ သား။ အမေ မနက်စာလုပ်ထားပြီးပြီ။"

"ဟူတ်"

ရိပေါ် ခေါင်းညိတ်ပြလိုက်တာနဲ့ အမေက အခန်းထဲကနေ ပြန်ထွက်သွားသည်။ ဖိထားခံရတဲ့ လက်မောင်းကို အသာလေး ဆွဲထုတ်လိုက်ကာ ရိပေါ် ကုတင်ပေါ်ကဆင်းပြီး ရေချိုးခန်းထဲ ဝင်လာလိုက်တယ်။

"အင်းး.."

ဘေးနားမှာ အနွေးဓာတ် မရှိတော့တာနဲ့ ရှောင်ကျန့်လည်း လူးလွန့်ပြီး နိုးလာခဲ့သည်။

"ကိုကို??"

ရေချိုးခန်းတံခါးက လော့ချထားတာကြောင့် ရှောင်ကျန့် အသံပေးလိုက်တယ်။

"‌ခဏ"

ရိပေါ် လုပ်လက်စကို မြန်မြန် အပြီးသတ်လိုက်ကာ တံခါးဖွင့်ပေးလိုက်သည်။ မပွင့်တပွင့် မျက်ဝန်းမို့မို့လေးကို ပွတ်သပ်ရင်း ‌အားကျန့်က ရေချိုးခန်းထဲ ဝင်ချလာသည်။

"သား.. အိမ်..အိမ်သာ တက်ချင်လို့"

"အင်း ကိုကို အပြင်က စောင့်နေပေးမယ်"

Messy hair လေးနဲ့ ချစ်စရာကောင်းနေတဲ့ ပေါက်စကို ရိပေါ် ငုံ့နမ်းလိုက်သည်။ အိပ်ရာထခါစဖြစ်တာတောင် ရှောင်ကျန့် အသားအရေက မွှေးနေတာပဲ။

"ကလေးအနံ့ရတယ်"

"သား..သားက ကလေးပဲလေ ကို..ကိုကိုကလည်း"

"ဟဟဟဟဟ"

****

ရိပေါ် ရှောင်ကျန့်ကို ချီပြီး အောက်ဆင်းလာတော့ မနက်စာစားဝိုင်းမှာ ပြုံးပြုံးကြီးထိုင်နေတဲ့ ရှောင်မားကို တွေ့လိုက်ရသည်။

SOUL TIED (Yizhan)Where stories live. Discover now