Chapter Nine

714 34 2
                                        

" ကျွန်တော့် အပိုင် ၁ "

***

"မေမေ သားကို ခွင့်-ခွင့်ပြုပေးလေနော် နော် နော်။ "

အိမ်ထဲဝင်လာတဲ့ ရိပေါ်ဟာ အမေ့နားကပ်ပြီး ချွဲနေတဲ့ အထက်တန်းကျောင်းသားလေးကို မြင်တော့၊ လှမ်းနေတဲ့ ခြေလှမ်းကို ခဏရပ်ပြီး၊ ထိုမြင်ကွင်းကို ကြည့်နေမိတယ်။

အချိန်တွေကုန်တာ မြန်တယ်လို့ ပြောရင် သူ ရယ်မိမယ်ထင်သည်။

သူ့ မျက်လုံးထဲမှာတော့ ယုန်ဖြူလေးက အခုထိ ငါးနှစ်သားလေးပဲ ရှိနေသေးသည်မို့။

"အားကျန့် မဆိုးစမ်းနဲ့ အမေ အလုပ်လုပ်နေတယ်လေ"

အမေ့လက်ကလေးကို လှုပ်ရမ်းပြီး သူလိုချင်တာ ပူဆာနေတဲ့ ရှောင်ကျန့်က၊ နှုတ်ခမ်းထော်ပြီး ပြန်ပြောတယ်။

"သား-သား ဘယ်မှာဆိုးလို့လဲ? မေမေသာ ခွင့်ပြုပေးရင် သားက နှောင့်ယှက်ဦးမှာတဲ့လား?"

ရှောင်ကျန့်ကို ထပ်ဆူဖို့ ဒီဘက်လှည့်လာတဲ့ အမေက ရိပေါ်ကို မြင်တော့၊ ဝမ်းသာသွားသည့် မျက်နှာဖြင့် ပြောလာသည်။

"ဟော... ကိုကို ပြန်လာပြီ၊ သွားကြိုလိုက်ဦး မင်းကိုကို့ကို"

"ဟမ့်"

ရှောင်ကျန့် ခြေဆောင့်ပြီး ရိပေါ်ဆီ လျှောက်လာသည်။

"ကော.."

ရိပေါ် ရင်ထဲ အောင့်သက်သက်ကြီး။

"...." သူ ပြန်မထူး။

"ဝမ်ကော?" ရှောင်ကျန့် ထပ်ခေါ်သည်။

"...."

ရိပေါ်ရဲ့ မျက်နှာက အေးစက်သွားသည်။ အိမ်ထဲ ဝင်လာတုန်းက သူ့မျက်နှာမှာ ရှိနေခဲ့သည့် အပြုံးက အခုဆို ရှာမရတော့။

"???"

ရှောင်ကျန့်က ရုပ်တည်ကြီးနဲ့ ရပ်နေတဲ့ သူ့မျက်နှာ‌ရှေ့ကို မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ မော့ကြည့်လာတယ်။

"ဘာ-ဘာ ဖြစ်လို့လဲ ကော?"

"...."
ရိပေါ်က အလိုမကျရင် အသံတိတ် ဆန္ဒပြတဲ့နေရာမှာ ဆရာတစ်ဆူလို့ ပြောရလောက်အောင် တော်လွန်းသည်။

SOUL TIED (Yizhan)Where stories live. Discover now