Chapter One

509 52 3
                                        

"အရာ အားလုံးရဲ့ အစ ၁ "

****

"အားကျန့်! ဒါ ကိုကိုရိ‌ပေါ်တဲ့ ဒီနေ့ကစပြီး အမေတို့နဲ့ အတူတူနေမယ့် သားရဲ့ အစ်ကိုလေ"

အညိုရောင် ဝက်ဝံရုပ်ကလေးပိုက်ပြီး မိမိကို မျက်တောင်မခတ်စိုက်ကြည့်နေတဲ့ ကလေးငယ်အား ရိပေါ် မျက်နှာသေဖြင့် ကြည့်နေလိုက်သည်။

ဂျင်းရောင် သိုင်းကြိုး‌လေးနှစ်ချောင်းက ပုခုံးအထက်ကနေ လျှောကျနေပြီး၊ အဖြူရောင် အင်္ကျီအောက်ခံကလည်း အနည်းငယ် စွန်းရောင်သန်းနေတာကို ကြည့်ရသလောက် ဒီကလေး ဆော့ထားမှန်း သူသိလိုက်တယ်။

"ကိုကို့ကို နှုတ်ဆက်လိုက်ဦးလေ အားကျန့်"

အန်တီရှောင်းက အားကျန့်ဆိုတဲ့ ‌အကောင်ပေါက်လေးရဲ့ လက်ကလေးကို လှုပ်ရမ်းပြီး ပြောသည်။

ဒါပေမယ့် မြီးကောက်ပေါက်လေးက ဝက်ဝံရုပ်နဲ့ သူ့မျက်နှာကို ကွယ်ပြီး ထွက်ပြေးသွားတာကြောင့် ရိပေါ်   ပြောစရာ ပျောက်သွားသည်။

"စိတ်မရှိပါနဲ့ကွယ်၊ မင်း ညီလေးက အဲ့လိုပဲ အရှက်ကြီးလွန်းတယ်။"

"ရပါတယ် အန်တီ"

"အန်တီ? အခုကစပြီး မိသားစုတွေ ဖြစ်ပြီလေ ရိပေါ်လေးရဲ့၊ အမေလို့ ပြောင်းခေါ်နော်။"

"ဟုတ် (အ)မေ"

ရိပေါ် အသံလေး တိုးဝင်သွားတာကို သတိထားမိလိုက်တဲ့ ရှောင်မားမားက သူ့ပုခုံးကို ထိကိုင်ပြီး အားပေးစကားဆိုတယ်။

"သား မိဘတွေ နေရာမှာ အန်တီ့ကို အစားထိုးမရနိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သားရဲ့ အမေက အန်တီ့ရဲ့ အစ်မအရင်းပဲမလို့ အန်တီ့ကိုလည်း သား မေမေလို သဘောထားစေချင်တယ် ။ အန်တီကလည်း သားကို အန်တီ့သားအရင်းလိုမျိုး ချစ်ပေး ဂရုစိုက်ပေးပြီး ပျိုးထောင်ပေးမှာမို့ သားဘက်က လိုချင်တာဖြစ်ဖြစ် လိုအပ်တာဖြစ်ဖြစ် ရှိလာရင် တုန့်ဆိုင်းမနေဘဲ တန်းပြောနော်"

"ဟုတ်ကဲ့ အမေ"

ရိပေါ် ခေါင်းညိတ်ပြီး ဖြေလိုက်တော့ ရှောင်မားမားက နှစ်ခြိုက်သွားပုံရသည်။

SOUL TIED (Yizhan)Where stories live. Discover now