Chapter Five

148 19 1
                                    

"အစပျိုးရာ ၅"

*****

ဒီနေ့ည ရှောင်ကျန့်၊ သူ့အခန်းထဲ လာမအိပ်ပါ။

ရိပေါ် စိတ်တိုနေသည်။

မျက်နှာကျက်ကို စိုက်ကြည့်ကာ မကျေနပ်ချက်တွေကို၊ အသက်ပြင်းပြင်းရှူထုတ်ရင်း ဖြေဖျောက်နေရတယ်။

ရိပေါ်၊ သူ့ လက်နှစ်ဖက်ကို ဖြန့်တန်းထားရင်း လက်သီးဆုပ်ကို တင်းလိုက် ဖြေလျော့လိုက်ဖြင့် သူ့စိတ်သူ ထိန်းနေသည်။

"..."

အခန်းတံခါးဘက်ကို နားစွင့်ထားမိတယ်။ တံခါးခေါက်သံ တိုးတိုးလေးကိုများ ကြားရလေမလား။

တစ်ခါတစ်‌ခါ ထထကြည့်မိသည်။ ခေါင်းသေးသေးလေးကိုများ မြင်ရမလား။

အတွေးတွေကြောင့်ရယ်၊ ပူလောင်နေတဲ့ ဒေါသရယ်က တစ်နေ့လုံး ပင်ပန်းထားရတဲ့ သူ့ကို နှိပ်စက်နေသည်။

ရိပေါ် နာရီကို လှမ်းကြည့်တော့ ည ၁၁ နာရီခွဲ။

ဒီအချိန်က ပုံမှန်ဆို ယုန်ပေါက် တစ်ရေးရပြီး နိုးတတ်တဲ့ အချိန်ပဲ။

သူ နောက်ဆုံးအကြိမ် အခန်းတံခါးဘက်ကို ခေါင်းထောင်ကြည့်လိုက်တယ်။

"...."

ကောင်လေး မလာတော့မှာ သေချာနေပြီမို့ သူလည်း ‌ဆက်စောင့်မနေဘဲ အိပ်ရန်၊ ရှောင်ကျန့် အုံးနေကျ ခေါင်းအုံးကို လှမ်းဆွဲပြီး ဖက်ထားလိုက်၏။

"...."

နာရီဝက်လောက် ကြာတဲ့အထိ ရိပေါ် မျက်လုံး မှိတ်မရဘဲ ပြူးကြောင်ကြောင် ဖြစ်နေသည်။

ညလယ်လောက်မှများ ရှောင်ကျန့် ရောက်လာမလားဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးက သူ့မျက်လုံးတွေကို နားခွင့်မပေးဘူး။

"...."

နောက်ဆုံး‌တော့ ရိပေါ် ငုတ်တုတ် ထထိုင်ရပြီ။ ညတိုင်း ကလေးငယ်နဲ့ အတူတူ ကုန်ဆုံး နေကျမို့ ဒီအခန်းကြီးက ဘယ်လောက်ထိ တိတ်ဆိတ်နေတတ်လဲ သူ အခုမှ စပြီး ခံစားမိတော့တယ်။

နံရံပေါ်က နာရီလည်း အသံ မထွက်ဘူး။ ‌မှန်ဘောင်ပေါ်က အရုပ်တွေကလည်း လှပမနေဘူး။

SOUL TIED (Yizhan)Where stories live. Discover now