Zero²

310 21 1
                                    


"ရှောင်ကျန့်??... ရှောင်ကျန့်!!"

မျက်လုံး ဖွင်းဖွင့်ချင်း လစ်ဟာနေတဲ့ အခန်းထောင့်က နေရာကြောင့် ရိပေါ် ‌ထိတ်လန့်စွာ အော်ခေါ်မိသည်။

ထိုအချိန် ‌လက်တစ်လုံးစာလောက် ဟနေတဲ့ တံခါးကြားကနေ အသံတိုးတိုးလေး လွင့်ပျံ့လာသည်။

"၁....၂.....၃......၃......၃....Hmm.."

တိုးတိုးညှင်းညှင်း ရေတွက်နေတဲ့ စကားသံ။ ရိပေါ် ကုတင်ပေါ်ကနေ အသာ‌ဆင်းပြီး တံခါးနားမှာ သွားရပ်လိုက်၏။

နံပါတ်စဉ်ဟာ ၃ ကနေ ရှေ့ဆက်မသွားသေးဘဲ ရပ်တန့်နေသည်။ မသိလျှင် ကလေးတစ်ယောက်က ၃ ပြီးရင် ဘာလာသလဲ မေ့နေသလိုမျိုး။

သူ တံခါးကို မဖွင့်သေးဘဲ အနည်းငယ် ဟနေတဲ့ကြားကနေ အပြင်က အသံလာရာဆီ ချောင်းကြည့်လိုက်တော့၊

အောက်ထပ်ကို ဦးတည်နေတဲ့ လှေကားဝမှာ၊လှေကားထစ်လေးတွေကို ရေတွက်နေတဲ့  Wheelchair ပေါ်က ကောင်လေးကို မြင်လိုက်ရသည်။

"၃...၃....၄...၅....၆....၇..."

ရေတွက်သံ‌ဟာ ခဏတာ ရပ်တန့်သွားပြီးနောက် ဆက်တိုက်ကို ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရိပေါ်ရဲ့ ရင်ထဲမှာ အမည်တပ်ရခက်တဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်။

|| အောက်ဆင်းချင်နေတာလား.. ဒါမှမဟုတ်... ||

ခဏအကြာမှာ သူ အခန်းထဲကနေ ထွက်ပြီး ရှောင်ကျန့်အနားကို လျှောက်သွားလိုက်ကာ၊

"ရှောင်ကျန့်."

သူ ခေါ်သည်နှင့် တုန်တက်သွားသော ဖြူလုံးလေးကြောင့် ရိပေါ်ရဲ့ မနက်ခင်းဟာ မဲမှောင်ခြင်းတွေနဲ့ ပြည့်သွား၏။

"ကိုယ် ခေါ်လိုက်လို့ လန့်သွားတာလား ဒါမှမဟုတ် ကိုယ် ဖြစ်နေလို့ကို ကြောက်သွားတာလား အားကျန့်"

"...."

ရိပေါ် wheelchair ကို သူ့ဘက် လှည့်လိုက်ပြီး ရှောင်ကျန့်ကို သူနဲ့ မျက်နှာချင်း ဆိုင်စေလိုက်သည်။

ဖြူလုံးလေးဟာ အနည်းငယ်သာရှိတဲ့ အသိစိတ်လေးနဲ့ ခေါင်းကို အောက်စိုက်ချပြီး ရိပေါ်ရဲ့ အကြည့်တွေကို မရမက ရှောင်ရှားရှာတယ်။

SOUL TIED (Yizhan)Where stories live. Discover now