Chapter Eight

175 19 1
                                    

" ထပ်ပြီး။ "

*******

" ကိုယ့်ကို...မုန်းတယ်? "

ရိပေါ် သံယောင်လိုက်မိသည်။ ရှောင်ကျန့်က သူ့ကို ဒီလိုမျိုးပြောမယ့် ကလေးမဟုတ်တာ သူသိသည်။ သိနေသည်။

သိနေပေမယ့် အပြောခံလိုက်ရတဲ့ ခဏမှာ သူ့ နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်သွားသယောင် နာကျင်ရသည်။

"ဟုတ်တယ်! မုန်းတယ်!"

"အင်း...။ ကိုယ် သိတယ်"

"ဘာသိတာလဲ"

မျက်မှောင်ကြုတ်ပြီး အလိုမကျစွာ ကလေးငယ်က ပြန်မေးလာ၏။

"မင်း စိတ်ထဲမပါဘဲ ပြောနေတယ်ဆိုတာ ကိုကို သိတယ်"

"ဟင်းး.. ကိုကိုကဗျာ"

အခုမှ စိတ်အေးရသည်။ လက်လျှော့သွားဟန် ရှောင်ကျန့် လက်ကလေးပိုက်ပြီး နှုတ်ခမ်းထော်ပြန်တယ်။

"ကိုကို တောင်းပန်ပါတယ်"

ရိပေါ် အသံတိုးတိုးလေးဖြင့် ဆို၏။

ထိုအခါ ကလေးငယ်က ထပ်ပြီး တင်းမထားနိုင်တော့ဘဲ မျက်ရည်လဲ့နေတဲ့ မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာတယ်။

"ကိုကိုက မကောင်းတဲ့လူပဲ သိရဲ့လား"

"အင်း။ ကိုယ် သိတယ်"

"ကိုကို့ကြောင့် ကျွန်တော် စီစဉ်ထားတာတွေ ပျက်ကုန်တာ၊ ဘယ်လိုတောင် လုပ်ရက်ရတာလဲ!"

"....."

"ဒီ နောက်ပိုင်း၊ ကျွန်တော့် ခန္ဓာကိုယ်က အားနည်းလာ တယ်ဆိုတာရော သတိထားမိရဲ့လား"

"....."

ရိပေါ် ပြန်မဖြေ။ သူ တိတ်နေတာ မြင်တော့ ရှောင်ကျန့်က မကျေနပ်ချက်တွေကို တရစပ်ပြောချလာသည်။

"ကျွန်တော့်ကို ဒီပုံစံကြီးအတိုင်း တစ်သက်လုံး နေခိုင်းသွားမလို့လား! အဲ့လိုသာဆို သေသွားတာကမှ ပိုကောင်းဦးမယ်"

"ဟင့်အင်း၊ ကိုယ် မင်းကို ကုပေးမယ်၊ မင်းကို အကောင်းတိုင်း ပြန်ဖြစ်အောင် ကိုယ်ပြန်လုပ်ပေးမယ် အဲ့တာကြောင့် သေသွားတာက ပိုကောင်းမယ်ဆိုတာမျိုး မပြောနဲ့ အားကျန့်"

SOUL TIED (Yizhan)Where stories live. Discover now