Chapter Four

345 25 1
                                        

" အ စ ပျိုး ရာ ၄ "

*****

"ကို-ကိုကို?"

လူအုပ်ကြီးရဲ့ အဝေး တစ်‌နေရာမှာ မျက်နှာအောက်စိုက်၊ လက်ပိုက်ထားရင်း မျက်မှောင်ကြုတ်လျက် ရှိနေသည့် ရိပေါ်အနားကို ယုန်ပေါက် ရောက်ချလာသည်။

"အင်း"

ကောင်လေးက သူ့အဖေဆီကနေ ရလာတဲ့ လက်ဆောင်ပစ္စည်းတွေကို ပိုက်ထားတယ်။

"ဖေ- ဖေဖေက သားကို ပေးလိုက်တာ"

ပြောပြီးသည်နှင့် အနီရောင်အထုပ်တစ်ခုကို ‌သူ့ဆီ ထိုးပေးလာသည်။

"ဘာကြီးလဲ"

"မ-မသိဘူးလေ၊ အထဲမှာ.. ဘာပါလဲ သား-သားတို့ အတူတူ ကြည့်ကြမလားလို့"

မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ပြောလာတဲ့ ‌ကလေးပေါက်ကို ရိပေါ် စိုက်ကြည့်နေသည်။

"ဘာ-ဘာလို့လဲဟင်? ကို-ကိုကိုက သားနဲ့ အ-အတူတူ မဖောက်ချင်ဘူးလား"

"....."

ရိပေါ်က အချိန်အကြာကြီး အဖြူလုံးလေးကို စိုက်ကြည့်နေတယ်။

ရှောင်ကျန့် မျက်နှာက တဖြေးဖြေးချင်း မဲမှောင်လာသည်။ ရိပေါ် ဘာစကားမှ မပြောဘဲ စိုက်ကြည့်နေမိတာက သူ့အတွက် နေရခက်စေသည့်နှယ်။

"ကိုကို... စိတ်-စိတ်ကောက်နေတာလား?"

ရိပေါ် မျက်ခုံးတစ်ဖက် ပင့်သွား၏။

"ဘာလို့ အဲ့လိုပြောတာလဲ"

အဖြူလုံးလေးက ခေါင်းသေးသေးလေးကို အလုပ်အမြန်ပေးလိုက်ပြီး။

"သားက ... ကိုကို့ကို ပစ်-ပစ်ထားခဲ့ပြီး ဖေဖေ့ဆီ သွား-သွားလို့?"

ရိပေါ် ရင်ဘက်ထဲ ယားကျိကျိ ဖြစ်လာသည်။

"အင်းးး...ဘာထပ်တွေးမိသေးလဲ?"

"ဟမ်...ထပ်ပြီး ရှိ.. ရှိသေးတာလား?"

တအံ့တဩ၊ ပါးစပ်အဟောင်းသားနဲ့ မေးလာတဲ့ ပေါက်စအား ရိပေါ် ရယ်ချင်စိတ်ကို အတင်းထိန်းရင်း ခေါင်းညိတ်ပြလိုက်သည်။

"....."

တကယ်က မရှိတော့ပါဘူး။ ပထမအချက်နဲ့တင် မှန်နေပြီးသား။ ဒါမယ့် ဒီကလေး ဘာအတွေးပေါက်ဦးမလဲ သိချင်လို့ သူမေးလိုက်တာ။

SOUL TIED (Yizhan)Where stories live. Discover now