Zero⁴
213 18 0
"ဝမ်... သားလေး။။ အားကျန့်နဲ့ပတ်သတ်ပြီး ဘာတွေ ထူးသေးလဲဟင်"
ရှောင်မားမားရဲ့ ဆို့နစ်ကြေကွဲသံကို ကြားတော့ ရိပေါ်ဟာ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဖြူလုံးလေးဆီ အကြည့်ရောက်သွားသည်။
"ရဲတွေကတော့ စုံစမ်းနေတုန်းလို့ ပြောတယ် အမေ။ ဒါမယ့် အခုထိ ဘာအစအနမှ မရသေးပုံပဲ၊ "
"၃ ပတ်တောင် ရှိ တော့မယ်ကွယ်။ အခုထိ သတင်းမရသေးဘူးလား။ အမေ့သား‌ငယ်လေး တစ်ခုခုဖြစ်နေမှာကို တွေးမိရင် ... အိုကွယ်.."
မွေးစားအမေရဲ့ ရှိုက်ကြီးတငင် ငိုချတဲ့ အသံကိုကြားတော့ ရိပေါ်ရဲ့ ညာဘက် နှုတ်ခမ်းထောင့်လေး မြင့်တက်သွားတယ်။
*အမေတို့ အပြစ်ပဲလေ*
ရိပေါ်ဟာ လက်ဆန့်ထုတ်ပြီး ရှောင်ကျန့် ခြေထောက်ကလေးကို ပွတ်သပ်လိုက်သည်။
ဖြူဖြူဖွေးဖွေးလေးမှာ အနည်းငယ် အနီရောင်သန်းနေတဲ့ ခြေဖဝါးလေးကို ငုံ့နမ်းချင်တဲ့အထိ သူ့စိတ်ထဲမှာ မြတ်နိုးမှုတွေက အပြည့်ပဲ။
"စိတ်မပူပါနဲ့ အမေ၊ အားကျန့်က ငယ်ငယ်လေးထဲက ကံကောင်းတဲ့ ကလေးလေးပါ။ ထိခိုက်တာမျိုး မရှိလောက်ပါဘူး၊ အကယ်လို့  တစ်ယောက်ယောက်က အားကျန့်ကို ထိ‌ခိုက်အောင် လုပ်ခဲ့ရင်... သား သူ့ကို သတ်ပစ်မယ်"
ဖြူလုံးလေးရဲ့ မျက်ခွံလေးတွေ လှုပ်ရှားလာပြီမို့၊ ရိပေါ် ပြောပြီးတာနဲ့ ဖုန်းချလိုက်၏။
ထို့နောက် သူဟာ ရှောင်ကျန့် နဖူးပြင်လေးကို ငုံ့နမ်းလိုက်ရင်း၊
"Morning ရှောင်အာ.."
နိုးလာတာနဲ့၊ အတိတ်က Accident ကြောင့် မလှုပ်ရှားနိုင်တော့တဲ့ ခြေထောက်တွေကို တွေတွေလေး ကြည့်နေတဲ့ ရှောင်ကျန့်။
ရိပေါ် အနည်းငယ်မျှ ပြုံးကာ ဖြူလုံးလေးကို ပွေ့ချီလိုက်သည်။
"ကိုယ်နဲ့အတူ မျက်နှာသစ် ရေချိုးရအောင် ကလေး"
****
ရှေ့တစ်ပိုင်းကို ရေးပြီးမှ ခေါင်းထဲ ထပ်ပေါ်လာလို့ ထပ်တင်ပေးလိုက်ပါတယ် 🥹🫶
Zawgyi
*အမေတို့ အပြစ်ပဲလေ*
"Morning ရှောင်အာ.."
****
SOUL TIED (Yizhan)Where stories live. Discover now