"မောင့်မာနနောက်ကွယ်က ကျွန်မ"(ဤဇာတ်လမ်းတွင်ပါဝင်သည့်ဇာတ်ကောင်နှင့်စရိုက်များသည် စာရေးသူ၏စိတ်ကူးဖြင့်
ပုံဖော်ထားသည့်အရာများသာဖြစ်သည်။)Part (1)
---------------
---------------တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေက သူမျက်နှာမူထားတဲ့ မှန်တွေကို လာရောက်ရိုက်ခတ်နေခဲ့သည်။
မြင့်လွန်းတဲ့တိုက်ကြီးနဲ့ ရွာကျနေသောမိုးတွေကြောင့် တိုက်အောက်ဘက်လမ်းမပေါ်ကိုသူမြင်နေရသည်က မပီပြင်ဝိုးတဝါးမျှသာ။"ပီနွိုင် ကို လွှတ်လိုက်!!"
တစ်ဖက်လူရဲ့အဖြေကိုမစောင့်ပဲသူအမိန့်ပေးပြီးသည်နှင့် ဖုန်းကိုချကာ ဘေးက စားပွဲပေါ် ဖုန်းကိုပစ်တင်လိုက်သည်။သဘက်အဖြူတစ်ထည်သာခါးမှာပတ်ထားပြီး အပေါ်ပိုင်းဗလာကျင်းဖြစ်နေတဲ့ သူရဲ့ကျောပြင်ကိုထိတွေ့လာသည်က လက်တစ်စုံ။
"ကိုကြီး!!"
ခပ်ချွဲချွဲခေါ်သံနဲ့အတူ ထိုလက်တစ်စုံကသူ့ကျောပြင်ကိုပွတ်သတ်ပြီးသည်နှင့် သူ့ခါးကိုဖက်လိုက်ကာ လက်တွေက သူ့ရဲ့လက်မောင်းတွေကိုထပ်မံပွတ်သတ်နေလေရဲ့။
"မင်းသွားတော့!!"
"ကိုကြီးကလဲ!!အေဒီ မသွားချင်သေးဘူး !!ကိုကြီးကိုဖက်ထားချင်သေးတယ်!!"
ပြောလဲပြော သူမလက်တွေကသူ့ခါးကိုပိုမိုတင်းကြပ်စွာဖက်လာသလို သူမ မျက်နှာက သူ့ကျောပြင်ကိုအပ်လိုက်လေသည်။
"ကိုအလုပ်လုပ်စရာရှိတယ် အေဒီ!!အောက်က ဂျေး ဆီက ကဒ်ယူသွား လိုတာသွားဝယ်လိုက်!!"
ပြောပြီးသည်နှင့် သူ့ခါးက အေဒီ့လက်ကိုဆွဲဖယ်ချလိုက်သည်။အေဒီဆိုတာ တခြားလူတော့မဟုတ်။
နမည်ကြီးထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ကာ အော်စကာဆုတောင်ရထားသေးသည်။
သို့ပေမဲ့ အေဒီက သူ့အတွက်ဆို ဘာပဲပေးရပေးရ ပေးဆပ်မည့်သူ့ရဲ့လက်ချိုးရေလို့မကုန်နိုင်သော မိန်းမများထဲမှတစ်ယောက်ပင်။
အေဒီလဲ ကိုကြီး ဒေါသကိုသိသည်မို့ ဆက်ပြောမနေတော့ပဲ ကုတင်ပေါ်က သဘက်တစ်ထည်ကိုဖြစ်သလိုရေလျားလိုက်ကာ အခန်းထဲကထွက်ချလာလိုက်သည်။
YOU ARE READING
"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)
Romance"ကျုပ်ဘာမှမှားစရာအကြောင်းမရှိဘူး!!မင်းအဖေစဝ်ဖီဖက လူယုတ်မာ မင်းကလူယုတ်မာသမီး!!အရင်က မင်း ကျုပ်ကိုမသိပေမဲ့ အခုအချိန်ကစပြီး မင်းမဖြစ်မနေကျုပ်ကိုသိရပြီ!!မင်းအဖေရဲ့လုပ်ရပ်တွေနဲ့တူညီတဲ့ အရာတွေကို ဒီနေ့ကစပြီးမင်းခံစားရတော့မှာ!!" 'ခွန်ပရာဂျက်'