Part(15)

1.4K 33 0
                                    


"မောင့်မာနနောက်ကွယ်က ကျွန်မ"

Part (15)
---------------
---------------

ဆေးလိပ်ကိုသာတရှိုက်မတ်မတ်သောက်ကာ  မှန်နံရံချပ်တွေကနေတစ်ဆင့် အပြင်ဘက်ကို ခွန်ငေးကြည့်နေမိသည်။

"Boss ကျွန်တော် လေယာဉ်လက်မှတ် ဖြတ်လိုက်ရတော့မလား!!"

ပီဆိုင် စကားကို ဘာမှပြန်မပြောပဲ  အပြင်ဘက်ကိုသာကြည့်နေတဲ့ bossကြောင့် ပီဆိုင် Bossကိုသာကြည့်နေမိသည်။

"မက်စီကို ဆီသွားမယ်!!"

"ဗျာ!!"

Bossက မက်စီကိုကို သွားမယ်ဆိုတော့ ဧကန်န။

"ဟုတ်ကဲ့ပါ Boss!!ကျွန်တော်စီစဉ်လိုက်ပါ့မယ်!!"

ပီဆိုင် Boss ကိုအရိုအသေပြုကာ လှည့်ထွက်ရန်ပြင်လိုက်စဉ်
စိတ်ထဲကခံစားချက်ကိုအောင့်မထားနိုင်တော့ပဲအနောက်ကိုပြန်လှည့်ကာ မေးလိုက်သည်က

"Boss စံအိမ်မှာ မိန်းကလေး စောင့်နေတယ်မှတ်လား Boss!!"

"ဒီအချိန်မှာအရေးကြီးဆုံးကိုအရင်ဖြေရှင်းရတယ်လေ"

"ဗျာ! ဟုတ်ကဲ့"

Bossကိုကြည့်ပြီး ပီဆိုင်တကယ်နားမလည်နိုင်တော့ပါ...
Bossဘာဖြစ်သွားတာလဲ!!
Bossတွဲဖူးတဲ့မိန်းကလေးတွေထဲမှာ မိန်းကလေးမာရီယာနာက Bossဆီမှာအချစ်ခံရဆုံးမဟုတ်ဘူးလား။
ပီဆိုင်မေးချင်တဲ့စကားတွေ တနင့်တပိုးရှိနေပေမဲ့ ထိုစကားတွေက လည်ချောင်းဝမှာသာရပ်တန့်နေခဲ့သည်က အေးစက်လွန်းတဲ့Bossအပြုအမူတွေကြောင့်သာ။

~~~~~~~~~

------၁လ-------

အခုဆို သူ ခရီးထွက်သွားတာ ၁လကျော်တောင်ကြာနေပြီဖြစ်သည်။
အမအိန်ဂျလီ ပြောတော့ အများဆုံး ၁ပတ်ဆို။အခု ၁လကျော်တောင်ကြာနေခဲ့တာ။
သူရှိတုန်းက မသိသာပေမဲ့ သူမရှိတဲ့အချိန်တွေမှာ ရင့်သူ့ကို အရမ်းသတိရမိသည်ဆိုတာကိုတော့ ဝန်ခံရမည်။
သူမရှိတဲ့ ဒီ ' Y'စံအိမ်ကြီးက ရင့်အတွက် ပျင်းရိဖွယ်အတိနဲ့ ခြောက်ကပ်လွန်းနေသည်မဟုတ်လား။

"ရင့် အပြင်သွားချင်တယ် အမ!!"

"အမ လိုက်ပို့ပေးမယ် ကလေး!!"

"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)Where stories live. Discover now