"မောင့်မာနနောက်ကွယ်က ကျွန်မ"Part (3)
-------------
-------------ဒီနေ့က ၁၀တန်းအောင်စာရင်းထွက်တဲ့နေ့မို့ ကုဋေတစ်ယောက် အဖေ့ဆိုင်ကယ်ကိုယူကာ အောင်စာရင်းလာကြည့်မိသည်။
အဖေကသွားကြည့်ပေးမယ် ပြောပေမဲ့ သူကသူကိုယ်တိုင်ပဲ လူအုပ်ကြားထဲတိုးကာ ရင်ခုန်စွာကြည့်လိုက်မိသည်။
သူ ရင်တုန်စွာနဲ့ ခုံနံပါတ်တွေအစဉ်လိုက်ကြည့်ရင်း
တစ်နေရာအရောက်တွင်"*၁၂၅၇-မောင်ကုဋေပိုင်အုပ်
အဖအမည်- ဦးပိုင်အုပ်(မြန်မာစာ အင်္ဂလိပ် သချာင်္ ဓာတုဗေဒ ရူပဗေဒ ဇီဝဗေဒ)"
ဟူ၍ပင်။
ဒါဆို ဟိုနေ့ကသူကြားခဲ့သလို ကျောင်းမှာ ၆ဘာသာဂုဏ်ထူးရှင်၁ယောက်ထွက်တယ်ဆိုတော့ အဲ့ကျောင်းသားက သူပေါ့။"ရေး ငါကွ!!"
သူအလွန်ပျော်ရွှင်မိကာ အော်ဟစ်လိုက်ရင်း လူအုပ်တွေကို တိုးကာ ကျောင်းအပြင်ကိုဝမ်းသာအားရပြေးထွက်မိလိုက်သည်။
ထို့နောက် လမ်းဘေးမှာရပ်ထားတဲ့ အဖေ့ဆိုင်ကယ်ကိုယူကာ သူအိမ်ကို အပြေးအလွှားပြန်လာခဲ့မိသည်။သူ အမေနဲ့အဖေ့ကိုပြောပြချင်နေမိသည်က အတိုင်းထက်အလွန်။
သူ၆ဘာသာတောင်ပါတယ်မဟုတ်လား။
ဒီအကြောင်းသာ အဖေနဲ့အမေသိရင်အရမ်းပျော်နေမှာသေချာသည်။
သူဝမ်းသာလွန်းတဲ့စိတ်တွေကိုမနဲထိန်းချုပ်ကာ အိမ်ကိုအပြေးလေးပြန်လာခဲ့မိသည်။သူ့နာမည်က 'ကုဋေပိုင်အုပ်'
အဖေက'ဦးပိုင်အုပ်'ဖြစ်ပြီး မြန်မာလူမျိုးဖြစ်ကာ
အမေကတော့ 'ခွန်ဝနိုသိုင်' လို့ခေါ်တဲ့ ထိုင်းမ တစ်ဦးဖြစ်သည်။
သူကတော့ ထိုင်းဗမာ ကပြားတစ်ဦးဆိုလဲမမှား
ညီမလေး 'နိုနိုပိုင်အုပ်' ကလဲ အခုဆို ၈တန်းပင်ရောက်နေလေပြီဖြစ်သည်။
သူနဲ့ညီမလေးက ၂နှစ်ကြီး ၂နှစ်ငယ်ပင်
နိုနို ကဆံပင်ကုပ်ဝဲလေးနဲ့ အသားညိုညို မြန်မာရုပ်ကလေးပေါက်ကာ အရမ်းလဲချစ်ဖို့ကောင်းသည်။
သူကတော့ အမေနဲ့တူကာ အသားဖွေးသလို ထိုင်းမျက်နှာကျဘက်ပိုပေါက်သည်။
တစ်ခါတစ်လေသူတို့နေတဲ့နယ်စပ်မြို့လေးကို လာကြတဲ့ဧည့်သည်တွေက သူ့ကိုမြင်တိုင်းက ထိုင်းစကားကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့သူ့ကို ထိုင်းကောင်လေးစစ်စစ်ဟုသာထင်ကြသည်။
သူတို့မိသားစုက နယ်စပ်မြို့လေးမှာ စိုက်ခင်းစိုက်ကာနေကြသလို သူတို့ရဲ့စိုက်ခင်းကလဲ နယ်စပ်မြို့ကစျေးတော်တော်များကိုလိုက်ပို့တဲ့ ဟင်းရွက်စိုက်ခင်းပင်ဖြစ်သည်။
ဘယ်သောအခါမှရန်ဖြစ်ခြင်းမရှိတဲ့ အမေနဲ့အဖေ။
သားသမီးတွေအပြစ်လုပ်ရင်တောင် ဆူရုံ ဆုံးမရုံသာရှိပြီး ရိုက်နှက်လေ့မရှိတဲ့ သူ့အမေနဲ့သူ့အဖေ။
ညီမလေးကလဲ သူ့ကိုအရမ်းချစ်ကာ 'အကို'ဆိုတဲ့နာမ်စားကိုပါးစပ်ဖျားကမချ။
ပတ်ဝန်းကျင်ကလူတွေအမြဲပြောနေကျစကးက သူတို့မိသားစုက အမြဲပျော်ရွှင်ကာ စည်းလုံးပြီးအေးချမ်းတဲ့မိသားစု တဲ့။တကယ်လဲ ဟုတ်သည်။
အမြဲတမ်းပျော်ပျော်နေတတ်တဲ့ သူတို့မိသားစုလေးက အင်မတန်အေးချမ်းလှပါသည်။
YOU ARE READING
"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)
Romance"ကျုပ်ဘာမှမှားစရာအကြောင်းမရှိဘူး!!မင်းအဖေစဝ်ဖီဖက လူယုတ်မာ မင်းကလူယုတ်မာသမီး!!အရင်က မင်း ကျုပ်ကိုမသိပေမဲ့ အခုအချိန်ကစပြီး မင်းမဖြစ်မနေကျုပ်ကိုသိရပြီ!!မင်းအဖေရဲ့လုပ်ရပ်တွေနဲ့တူညီတဲ့ အရာတွေကို ဒီနေ့ကစပြီးမင်းခံစားရတော့မှာ!!" 'ခွန်ပရာဂျက်'