Part(5)

1.8K 60 6
                                    


"မောင့်မာနနောက်ကွယ်က ကျွန်မ"

Part (5)
------------
------------

သူမ မျက်လုံးတွေပွင့်လာသည်နှင့် သူမ ခါးဆီကတင်းကြပ်ကြပ်ခံစားမှုက မရှိတော့။

>> သူ ထွက်သွားပြီလား

"နိုးပြီလား !!"

"ဟင်!!"

စကားသံကြောင့် မာရီယာကြည့်မိတော့ အသက်၄၀ ဝန်းကျင်လောက်ရှိတဲ့အမျိုးသမီးတစ်ဦး။
သူမကိုပြူးတူးတူးလေးကြည့်နေတဲ့ ကောင်မလေးကြောင့် အိန်ဂျလီ ပြုံးလိုက်မိသည်။

"မင်း မျက်နှာသစ်ဖို့ တို့စောင့်ပေးနေတာ !!"

"ရှင်!!ဟုတ်!!ဟုတ်ကဲ့!!အမ"

"အိန်ဂျလီ!!တို့နမည်က အိန်ဂျလီပါ!!"

"ဟုတ်ကဲ့!!"

"လာလေ!!မျက်နှာသစ်ပြီး အစားတစ်ခုခုစား ဆေးသောက်ကြတာပေါ့!!"

"ဟုတ်ကဲ့ အမအိန်ဂျလီ!!"

အိန်ဂျလီ မာရီယာကို တွဲထူကာ ရေချိုးခန်းထဲထိတွဲသွားရင်း မျက်နှာသစ်ရန်ပြင်ဆင်ပေးလိုက်လေသည်။ထိုအစ်မလာပေးတဲ့ အင်္ကျီတွေကို ကြည့်ကာ အံ့ဩနေရသူက မာရီယာ။
အင်္ကျီတွေက တော်တော်လေးလှသလို သူမနဲ့လဲ ကွတ်တိလောက်သွားဖြစ်သည်။
အင်္ကျီတွေကို သူမ အံ့ဩမိနေပေမဲ့ ဘာအကြောင်းအရာမှတော့မမေးမိပေ။
အိန်ဂျလီ ရှုပ်ပွနေတဲ့ သူမဆံပင်တွေဖြီးပေးနေရင်း..

"ဟို!!ဟိုလေ!!"

"ဘာသိချင်လို့လဲ မာရီယာ!!"

"ဟို တစ်ယောက်ရော ဟင်!!"

"Bossကိုမေးတာလား!!"

"သူဘယ်သူလဲတော့မသိဘူး!!အရပ်မြင့်မြင့်နဲ့လေ ဟိုလေ ကျားလှောင်အိမ်ထဲကို ထည့်တဲ့...!"

"အော်...Bossကိုမေးတာပဲ..Bossအလုပ်ကိစ္စရှိလို့ အပြင်သွားတယ် ခနနေပြန်လာလိမ့်မယ်!!"

အိန်ဂျလီ ဆီက အဖြေကြားပြီးနောက် သူမ အသံတွေတိတ်ဆိတ်သွားလေတော့သည်။

~~~~~~~~~~~~~~~~

ထမင်းစားခန်းတွင်ထိုင်မိသည်နှင့်သူမအရှေ့ရောက်လာသည်က ဆန်ပြုတ်တစ်ပန်းကန်။
ဆန်ပြုတ်သောက်မလား။
အသေခံမလား မေးရင် သူမက အသေခံမဲ့လူမျိုးပင်။လောကမှာ သူမအမုန်းဆုံးအစားအစာက ဆန်ပြုတ် မဟုတ်လား။

"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)Where stories live. Discover now