Part(19)

1.3K 35 0
                                    


"မောင့်မာနနောက်ကွယ်က ကျွန်မ"

Part (19)
---------------
---------------

"ကျွန်တော်ခုဏက စကားကိုပဲပြန်ပြောပါရစေ Boss!!မိန်းကလေးဒီလို ခဏခဏသတိလစ်နေတာမကောင်းပါဘူး Boss!!သာမန်လူအတွက်တောင်ဒီအခြေအနေကမကောင်းတာ ကိုယ်ဝန်ဆောင်အတွက်ဆိုရင် ကလေးပါထိခိုက်နိုင်ပါတယ်Boss!!မိန်းကလေးကိုဂရုစိုက်ဖို့လိုပါတယ်!!"

ဂျိတ် အဆောင်မှာတောင်ဖင်ပူအောင်မထိုင်ရသေးဘူး သတိရလာတဲ့မိန်းကလေးက ပြန်သတိမေ့တယ်ဆိုတော့ အံ့ဩမိသည်။
သေချာစဉ်းစားကြည့်တော့လဲBossပုံစံနဲ့Bossကြမ်းတမ်းပုံကြောင့် ဒီမိန်းကလေး သတိထပ်မေ့တာက မပြောပလောက်တော့။

"မိန်းကလေးအတွက်ကျွန်တော် ယုံကြည်စိတ်ချရတဲ့OGကိုဆက်သွယ်ထားပါတယ်Boss!!"

"သွားတော့!!"

"ဟုတ်ကဲ့Boss!!"

ဂျိတ် Bossပုံစံကိုကြည့်ပြီးနားမလည်နိုင်တာကအမှန်။သာမန်အတိုင်းဆို Bossက သူ့ရင်သွေးရလာတဲ့အတွက်သူပျော်နေရမှာမဟုတ်လား။
အခုဟာကBossပုံစံကတကယ်အေးစက်စက်...။

"အဲ့ဒါငါ့ကလေးလို့ထင်လား!!"

"ဗျာ"
Bossအမေးကြောင့် အနားမှာရှိတဲ့ ပီဆိုင် ဘာပြန်ဖြေလို့ဖြေရမှန်းမသိတော့။
Bossမေးပုံကြီးကလဲ မိန်းကလေးရဲ့ကလေးက Bossနဲ့ရတာမဟုတ်တာလား။

"OGနဲ့ပြပြီး လတွက်လိုက်ရင် အဖြေပေါ်လာမယ်လို့ကျွန်တော် ထင်ပါတယ် Boss!!"

"OGသွားခေါ်လာခဲ့!!"

ကုတင်ပေါ်မှာသတိမေ့နေဆဲဖြစ်တဲ့ ရင့်ကိုသူသေချာကြည့်လိုက်မိတော့
မျက်နှာကဖြူဖျော့ကာ မျက်ကွင်းတွေက ညိုနေတဲ့ရင့်
ကိုယ်ဝန်ကြောင့်ထင်တယ်ခန္ဓာကိုယ်ကလဲ ပိုပြီးပိန်သွားသေးသည်။

"ကျစ် ပိန်လိုက်တာကွာ!!
လက်လေးတွေတောင်သေးသေးလေးတွေပဲရှိတော့တယ်!!"

ခွန် ရင့်ပုံစံကိုကြည့်ကာ တကယ်အားမလိုအားမရဖြစ်မိသည်။
အခုဆို ရင့်ပုံစံက 'Y' စံအိမ်ကိုစရောက်ခါစကပုံစံလိုပင် နွမ်းလျဖျော့တော့လျက်။

>> မင်းသိလားရင့်...
ငါမင်းကိုမုန်းပစ်ဖို့ကြိုးစားတိုင်း မင်းကိုသဘောကျမိနေတဲ့ငါ့ရဲ့စိတ်တွေက ငါ့ကိုအမြဲသစ္စာဖောက်သွားကြတယ်...
မင်းကိုမုန်းပစ်ဖို့ ငါ့ကိုယ်ငါသတိပေးပြီး မင်းကိုရင်ဘတ်ထဲကထုတ်ဖို့အမြဲ ကြိုးစားနေခဲ့တာ...
ဒါပေမဲ့လေ
မင်းရဲ့ပုံစံ မင်းရဲ့မျက်နှာ မင်းရဲ့ဆံပင် မင်းရဲ့လက်တွေ မင်းရဲ့အပြုအမူတွေကို ငါသေမတတ်သဘောကျနေမိခဲ့တဲ့ ငါ့ကိုယ်ငါတောင် စိတ်ပျက်မိတယ်...
ငါအဖြေရှာမိတော့
ငါမင်းကိုချစ်နေမိတာပဲ...
မိန်းမတကာနဲ့ပတ်အိပ်ခဲ့တဲ့ ခွန်ပရာဂျက်ဆိုတဲ့ငါက မင်းရဲ့အေးစက်တဲ့အပြုအမူအောက်မှာ ကျဆုံးသွားခဲ့တာဆိုရင် မင်းငါ့ကိုဟားတိုက်နေမလား!!!

"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)Where stories live. Discover now