"မောင့်မာနနောက်ကွယ်က ကျွန်မ"Part (10)
---------------
---------------"မင်း!!! မင်း!!"
"ဘာဖြစ်လဲ!!ကျွန်မကို ပြန်လွှတ် !!ကျွန်မ အိမ်တော်ပြန်မယ်!!"
"မပြန်ရဘူးကွာ!!!"
"ဝုန်း!!"
"ဒုန်း!!"
ဘေးက စားပွဲကို ဆောင့်ကန်ချလိုက်တဲ့ သူ့ကြောင့် ရင့်ကိုယ်လေးတုန်သွားရသည်။
အမှန်တိုင်းပြောပါဆို ဒီလိုကြမ်းတမ်းတဲ့ သူရဲ့ အပြုအမူတွေကို ရင့်လုံးဝမကြိုက်ပါ။ရင့်ကုတင်ပေါ်ကနေထကာသူ့မျက်နှာကိုစေ့စေ့ကြည့်ပြီး"အမိယုတ်တော့ နှုတ်ကြမ်းတယ်
အဖ ယုတ်တော့ ကိုယ်အမူအယာကြမ်းတယ်တဲ့ ရှင်ကဘာယုတ်တာလဲ ခွန်ပရာဂျက်!!""မာရီယာနာ!!"
ရင့်ပြောလိုက်တဲ့ စကားက ခွန်ရဲ့အရှိုက်ကို လာထိလေသည်။
အခု သူ့မိဘတွေကို သူမ ကတိုက်ရိုက်စော်ကားလိုက်ခြင်းမဟုတ်လား။"ကျွန်မ ကိုဖမ်းချင်တိုင်းဖမ်းရအောင်ရှင်ကဘာလဲ ဟမ်!! ရှင်လိုချင်တဲ့အကြွေးက ဒယ်ဒီ့ဆီမှာဆို!! ဘာအကြွေးလဲ အခု ပြော!!ကျွန်မဒယ်ဒီကရှင့်ညီမကို သတ်ခဲ့တယ်ဆိုတာ ရှင့်မှာဘာသက်သေရှိလဲ ခွန်ပရာဂျက်!!ရှင့်ကျွန်မကိုဖမ်းတယ် ကျားအိမ်ထဲထည့်တယ် သေနတ်နဲ့ပစ်တယ် ရှင့်ကိုယ်ရှင် လူလို့ထင်သေးရဲ့လား လူယုတ်မာရဲ့"
"လူယုတ်မာ ဟုတ်လား!!အဟက်!! လူယုတ်မာဆိုတာ ဘယ်လိုလူမျိုးလဲ မင်းသိလား!!မင်းအဖေလို သူများသမီးပျိုတွေကို လိင်ကျွန်တွေအဖြစ်နဲ့ ရောင်းစားတဲ့လူမျိုးကိုမှ လူယုတ်မာ လို့ခေါ်တာ!!"
"ဘာ!!"
>> ဒါဆို...
ဒါဆို ဒယ်ဒီ ဒယ်ဒီက"မဟုတ်ဘူး ရှင်လိမ်တာ !!ကျွန်မ ဒယ်ဒီက အဲ့လိုလူမျိုးမဟုတ်ဘူး !!ရှင်လိမ်နေတာ!!"
"ငါလိမ်လား မလိမ်ဘူးလား ဆိုတာ မင်းကိုသက်သေပြမယ် !!လာ လိုက်ခဲ့!!"
ပြောလဲပြော ရင့်လက်ကို ဆောင့်ဆွဲကာ တရွတ်တိုက်မတိုက် ဆွဲခေါ်နေသည့် ခွန့်အနောက်ကို ရင့်ယက်ကန်ယက်ကန်နဲ့လိုက်သွားရလေသည်။
YOU ARE READING
"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)
Romance"ကျုပ်ဘာမှမှားစရာအကြောင်းမရှိဘူး!!မင်းအဖေစဝ်ဖီဖက လူယုတ်မာ မင်းကလူယုတ်မာသမီး!!အရင်က မင်း ကျုပ်ကိုမသိပေမဲ့ အခုအချိန်ကစပြီး မင်းမဖြစ်မနေကျုပ်ကိုသိရပြီ!!မင်းအဖေရဲ့လုပ်ရပ်တွေနဲ့တူညီတဲ့ အရာတွေကို ဒီနေ့ကစပြီးမင်းခံစားရတော့မှာ!!" 'ခွန်ပရာဂျက်'