Part(9)

1.3K 43 0
                                    


"မောင့်မာနနောက်ကွယ်က ကျွန်မ"

Part (9)
-------------
-------------

"အမေ မြို့စားကြီး အခြေအနေကရော!!"

"မကြာတော့ဘူး သမီး!!"

မြို့စားကြီးအိမ်တော်ရဲ့ အနောက်ဆောင်ထောင့်ကျကျနေရာမှာ တွတ်ထိုးနေကြသူများက ဒေါ်နန်းဥမ္မာနဲ့ နန်းယမုံတို့သားအမိပင်။

"ဟိုအရူးမ မရှိတော့ဘူးဆိုတော့ စဝ်ဖီဖ သေရင် ဒီမြို့စားကြီးစံအိမ်ရဲ့ပိုင်ဆိုင်မှုတွေအကုန်က စဝ်နေဗလ ရမှာ!!ညည်းလဲ စဝ်နေဗလ ကို မြူဆွယ်ဖို့မမေ့နဲ့!!"

"ယမုံလဲ ကြိုးစားနေပါတယ် အမေရဲ့ အကိုစဝ်ကိုက တုတ်တုတ်မျှမလုပ်ဘူး!!"

"ညည်း အဲ့အကောင်ကို ပိုင်မှ ရမှာနော် မိနန်းယမုံ!!ဆေးလေးနွဲ့ဖင့်နေလို့မရဘူး"

တကယ်တော့ ဒေါ်နန်းဥမ္မာက မြို့စားကြီးစဝ်ဖီဖရဲ့ ဝမ်းကွဲညီ စဝ်ဖီအုံရဲ့ ဇနီးဖြစ်သည်။
စဝ်ဖီအုံ ကျန်းမာရေးအခြေအနေကြောင့် နန်းယမုံအသက် ၁၀နှစ်မှာကွယ်လွန်ချိန်၌ စဝ်ဖီဖ ကခေါ်ကာ သားအမိ၂ယောက်လုံးကိုစောင့်ရှောက်ခဲ့ခြင်းဖြစ်သည်။

"ရတနာသိုက်မြေပုံကဘယ်မှာပါလိမ့်!!"

ဒေါ်နန်းဥမ္မာ ယနေ့ချိန်ထိ သူမရှာနေသည်က မြို့စားခေတ်အဆက်ဆက်က လက်ဆင့်ကမ်းလာသည့် ဘိုးဘွားပိုင်ရတနာသိုက်မြေပုံကိုပင်ဖြစ်သည်။
ထိုရတနာသိုက်မြေပုံကို မြို့စားမင်းအဆက်ဆက်က လက်ဆင့်ကမ်းယူလာကြပေမဲ့ စဝ်ဖီဖ လက်ထက်မှာ ထိုမြေပုံက ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့လေသည်။
စဝ်ဖီဖ အနေနဲ့ ထိုမြေပုံကိုလက်ဆင့်ကမ်းပေးရမဲ့သူကတစ်ဦးတည်းသောသမီးဖြစ်တဲ့ မာရီယာနာ ကိုပင်ဖြစ်သည်။မာရီယာနာ ကစိတ်ဝေဒနာသည်မို့ မြေပုံကို မာရီယာနာအစား စဝ်နေဗလ ကိုပေးပြီး မာရီယာနာနဲ့လက်ထပ်စေလိုခြင်းဖြစ်သည်။

>> အဲ့မြေပုံကို တွေ့အောင်ရှာမှရမယ်

သူမတို့သားအမိ ရတနာသိုက်မြေပုံကိုရတာနဲ့ တစ်သက်စားမကုန်တဲ့ စည်းစိမ်မျိုးကိုပိုင်ဆိုင်နိုင်ပြီမဟုတ်လား။စဝ်ဖီအုံနဲ့လက်ထပ်ပြီးထဲက ဆင်းရဲလာတဲ့ ဒေါ်နန်းဥမ္မာအတွက် ထိုမြေပုံက သူမရဲ့ရည်ရွယ်ချက်တစ်ခု။အရာရာမှာ မာရီယာနာ ထက် နိမ့်ကျနေခဲ့သူမို့ သူမ အနေနဲ့ ရတနာသိုက်ကိုရှာတွေ့ပြီး မာရီယာနာ ထက်ပိုချမ်းသာချင်သူက နန်းယမုံ။
သူတို့သားအမိ မသိခဲ့သည်က လောကမှာအမိုက်မှောင်ဆုံးအရာတွေထဲမှာ လောဘအမှောင်လဲပါဝင်နေခဲ့တယ် ဆိုတာကိုပေါ့။

"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)Where stories live. Discover now