Part(21)

1.7K 39 0
                                    


"မောင့်မာနနောက်ကွယ်က ကျွန်မ"

Part (21)
---------------
---------------

ဒီနေ့မှ ဘာကြောင့်မှန်းမသိ လူကစိတ်သိပ်မလန်းသလိုပင်။
သူကတော့ တကယ့်ကိုမှလိုလေသေးမရှိ အကုန်လိုက်လုပ်ပေးသည်။
ယုတ်စွအဆုံး သူ့ကိုမကြည်ဖြူတဲ့ရင့်ဆီကို နေ့ဘက်တွေတောင်မလာပဲ ညဘက်ရင့်အိပ်သွားမှသာလာတတ်သည်။
မနက်ဆိုလဲ ရင့်မနိုးခင် သူကအရင်အိပ်ယာထသွားတတ်သည်မဟုတ်လား။
Air conအခန်းထဲထိုင်နေရင်းတောင် လူကစိတ်မလန်းလို့ ရေချိုးခန်းမှာခြေထောက်ဝင်ဆေးရန်ရေချိုးခန်းထဲဝင်ဖို့ဆုံးဖြတ်လိုက်သည်။
ဗိုက်က ၄လလောက်ပဲရှိသေးတာမို့ ပေါ့ပေါ့ပါးပါးဖြစ်နေဆဲ။
ခွန်ကတော့ ရင့်ကို တစ်ယောက်ထဲရေချိုးခန်းထဲမဝင်ခိုင်းပေ။
ရေချိုးတာတောင် ဒေါ်ဒေါ်နဲ့ အစေခံကောင်မလေးတွေကချိုးပေးတာမဟုတ်လား။အခုလဲ အခန်းရှေ့မှာ ရပ်စောင့်နေတဲ့ ဂျေးကို ဒေါ်ဒေါ်အီသာကို ဆန်ပြုတ်ပြုတ်ပေးဖို့ လွှတ်လိုက်ခြင်းပင်။

"ကျွီ!!!"

ရင့်ရေချိုးခန်းထဲခြေချလိုက်သည်နှင့် တဖြေးဖြေး ရေပန်းဆီသွားစဉ်
ရင့်နင်းမိလိုက်သည်က ခပ်ချောချာအရာတစ်ခုကြောင့် ခေါင်းထဲဒိုင်းခနဲဝင်လာတဲ့အသိတစ်ခု။
ခန္ဓာကိုယ်ကို ရင့်ထိန်းဖို့ကြိုးစားလိုက်ပေမဲ့ ဘေစင်နဲ့အကွာအဝေးကလက်တစ်ကမ်းလိုဆဲပင်။

"ဗိုင်း!!!"

"အား"

ရေချိုးခန်းကြမ်းပြင်ပေါ်ကိုပစ်ကျလိုက်တဲ့အရှိန်ကြောင့် ဗိုက်ထဲကစူးခနဲ။

"အား...ကလေး!အား"

ရင့်မထနိုင်တော့။
ထို့နောက်မှာတော့  ရင့်အောက်ပိုင်းဆီကနေ ပူနွေးနွေးဖြစ်သွားကာ ကြမ်းပြင်ကိုစီးနေတဲ့သွေးတွေ။

"ခွန်ရေ!!!ခွန်"

သွေးတွေကိုမြင်လိုက်စဉ် ရင့်အားကိုးတကြီးအော်ခေါ်မိလိုက်သည်က ခွန့်ကိုပင်။

"ဒုန်း!!"

"ရင့်!!ရင့်!!ရင့်!!"

"ခွန်...ခွန်လား...ခွန်"

မောင့်အသံကြောင့် ရင့်ရဲ့အားတင်းထားတဲ့စိတ်တွေကလျော့ကျသွားကာ

"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)Where stories live. Discover now