"မောင့်မာနနောက်ကွယ်က ကျွန်မ"Part (13)
--------------
--------------"ရင့်!!"
ခွန် သူမအနောက်ကိုလိုက်ရင်း လက်ကိုလှမ်းဆွဲလိုက်ရသည်။
"ပြန်မယ်!!"
"တကယ်ပြန်တော့မို့လား!!"
"အင်း!!"
"အင်းလေ!!အာ့ဆိုလဲ ကိုယ်တို့ပြန်ကြတာပေါ့!!"
သူမ ရဲ့ဆူပုတ်ပုတ်မျက်နှာထားကြောင့် ခွန်မနေတတ်တော့တာတော့ အမှန်။
အရုပ်ဝယ်ပြီးသည်အထိတောင် သူမလေးက ပျော်နေသေးတာမဟုတ်လား။
သူသီချင်းဆိုပြီးမှ သူမလေးကစိတ်ကောက်သွားတာလေ။
ဘာကိုအလိုမကျဖြစ်သွားတာပါလိမ့်။
ကားပေါ်ရောက်သည်အထိ သူမရဲ့ ဆူပုတ်ပုတ် မျက်နှာလေးက မပြေလျော့သေး။"ရင့်"
"ရင့်"
"ရင့် လို့"
ခွန် ဘယ်လောက်ခေါ်ခေါ် ကောက်တေးမလေးကတော့ အခုထိမထူး။
ခွန် ကားကို လမ်းဘေးထိုးရပ်လိုက်ကာ သူမဘက်ကိုသေချာမျက်နှာမူလိုက်ပြီး"ရင့် ကိုယ့်ကိုဘာမကျေနပ်တာရှိလို့လဲ!!"
"မရှိဘူး!!"
"မရှိဘူးဆိုရင် မျက်နှာကဘာလို့ဆူပုတ်နေရတာလဲ "
"ဘယ်မှာဆူပုတ်လို့လဲ!! ကျွန်မ မျက်နှာက အစထဲက ဒီတိုင်းပဲကို!!"
"Are you sure"
သူ့အမေးကို သူမ ဆက်မဖြေတော့....
"အဲ့လိုမဆူပုတ်ဘူးဆိုထဲကိုယ်က ရင့်တစ်ခုခုကိုအလိုမကျဖြစ်နေတာ သေချာနေပါပြီကွာ!!ဘာဖြစ်လို့လဲဟင်!! ကိုယ်ဘာအမှားလုပ်မိလို့လဲ!!"
"........."
"ရင့်"
သူမ လက်လေးကို ကိုင်လိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်ပစ်လိုက်သည်။
"မောင် မင်းကိုချစ်တယ် ရင့်!!"
"ဟင်!!"
ဒီတစ်ခါ အံ့ဩသွားရသူက ရင့်ရယ်ပါ။
"ဟုတ်တယ် ရင့် !!မောင် မင်းကိုချစ်တယ်!!မင်းကိုမောင်ကအရမ်းချစ်နေတာမို့ မောင့်အနားမှာပဲနေပေးနိုင်မလား!!မောင်သိတယ် မင်း မောင့်ကိုမချစ်နိုင်မှန်း!!ဒါပေမဲ့လေ မောင်ချစ်နေတယ်ဆိုတာလေးသိပေးပါ...မောင့်ကိုမချစ်ရင်တောင် မောင့်အနားမှာနေပေးပါလို့ မောင်တောင်းဆိုပါရစေ...."
YOU ARE READING
"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)
Romance"ကျုပ်ဘာမှမှားစရာအကြောင်းမရှိဘူး!!မင်းအဖေစဝ်ဖီဖက လူယုတ်မာ မင်းကလူယုတ်မာသမီး!!အရင်က မင်း ကျုပ်ကိုမသိပေမဲ့ အခုအချိန်ကစပြီး မင်းမဖြစ်မနေကျုပ်ကိုသိရပြီ!!မင်းအဖေရဲ့လုပ်ရပ်တွေနဲ့တူညီတဲ့ အရာတွေကို ဒီနေ့ကစပြီးမင်းခံစားရတော့မှာ!!" 'ခွန်ပရာဂျက်'