"မောင့်မာနနောက်ကွယ်က ကျွန်မ"Part (11)
---------------
---------------ခွန့်စကားကြောင့် ရင့်တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။သူ ရင့်ကို နမ်းခိုင်းနေတာလား။
ဒီနေရာမှာလား။
ပြီးတော့ အကိုစဝ်အရှေ့မှာမှ။
အကိုတစ်ယောက်အရှေ့မှာ ညီမဖြစ်သူက ယောက်ကျားတစ်ယောက်ကိုနမ်းဖို့ဆိုတာမျိုးက မဖြစ်နိုင်။
အထူးသဖြင့် ဒီလို လူတွေအများကြီးအရှေ့မှာဆို ပိုလို့တောင် မဖြစ်နိုင်။"ကျွန်မ မနမ်းနိုင်ဘူး ခွန်ပရာဂျက်!!"
"သေချာလား"
သူ့လေသံကတိုးလျနေပေမဲ့ အကိုစဝ်ကတော့ ....
"ဝုန်း!!"
"အ!!"
ရင့်နောက်ကျော ဘက်မှာ ကြားနေရတဲ့အသံတွေက ရင့်ရင်နာရသည်။
အကိုစဝ်ကို ရိုက်နေကြတာ နောက်ကျောပေးထားသည်မို့ ရင့်မမြင်ရပေမဲ့ အသံတွေကြားနေရသည်မဟုတ်လား။"မင်း အနမ်းလေးတစ်ချက်နဲ့ မင်းအကိုအသက်နဲ့က ထပ်တူကျနေတယ်နော် အချစ်လေး!!!"
"ကျွန်မ!!"
"မင်းစဉ်းစားချိန်ကြာလေ မင်းအကိုက!!"
ခွန့်စကား မဆုံးခင်မှာပဲ
အကို ဆိုတဲ့အသိနဲ့ရင့်မျက်လုံးစုံမှိတ်ကာ သူ့ပါးပြင်ဆီသို့သွားစဉ်"အွန့်!!"
သူ့ပါးအနားကပ်လာတဲ့ သူမရဲ့နှုတ်ခမ်းတွေကို ဆွဲလှည့်ကာ သူ့နှုတ်ခမ်းတွေဆီကို ထိတွေ့လိုက်သည်က လျင်မြန်စွာ။
ရုန်းကန်နေတဲ့ သူမခေါင်းကို သူ့လက်နဲ့ထိန်းချုပ်လိုက်သဖြင့် သူမ လုံးဝရုန်းလို့မရတော့။"အွန့်!!"
သူ့ရဲ့အနမ်းနဲ့အတူ သူမမျက်ဝန်းထောင့်ကနေ ပြေးဆင်းသွားသည်က မျက်ရည်စတချို့။
အချိန်အတော်ကြာသည်အထိ သူ့အနမ်းတွေက ရှည်ကြာနေဆဲပင်။>> ဘယ်လို အကြောင်းပြချက်ကြောင့်ပဲ မင်းနမ်းနမ်း
မောင့်အတွက်တော့ မင်းအနမ်းကဘုရားပေးတဲ့ဆုပဲ ရင့်!!စဝ် အရိုက်ခံနေရတဲ့ကြားကနေ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်သွားရသည်။
သူတောင်မထိရက် မတို့ရက်ခဲ့တဲ့တဲ့သူမကို အခုတော့ ဟိုလူယုတ်မာကောင်။
YOU ARE READING
"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)
Romance"ကျုပ်ဘာမှမှားစရာအကြောင်းမရှိဘူး!!မင်းအဖေစဝ်ဖီဖက လူယုတ်မာ မင်းကလူယုတ်မာသမီး!!အရင်က မင်း ကျုပ်ကိုမသိပေမဲ့ အခုအချိန်ကစပြီး မင်းမဖြစ်မနေကျုပ်ကိုသိရပြီ!!မင်းအဖေရဲ့လုပ်ရပ်တွေနဲ့တူညီတဲ့ အရာတွေကို ဒီနေ့ကစပြီးမင်းခံစားရတော့မှာ!!" 'ခွန်ပရာဂျက်'