"မောင့်မာနနောက်ကွယ်က ကျွန်မ"Part (22)
......OR......
Final Part
-----------------
-----------------"အဟင့်"
ကုတင်ပေါ်မှာ ဆေးပိုက်တွေနဲ့ဖျော့တော့စွာ အသက်မျှင်းမျှင်းသာ ရှုတော့သည့် ဒယ်ဒီ့ကိုကြည့်ပြီး ရင့်ငိုချပစ်လိုက်သည်။
ခွန်ရင့်ကို ရင်ခွင်ထဲထည့်ထားကာ သူမကျောပြင်ကို ဖွဖွလေးပွတ်သပ်နေမိသည်။"တိတ်တော့နော် အချစ်နော်!!"
"ဒယ်..ဒယ်ဒီကဘယ်လိုဖြစ်သွားရတာလဲဟင်!!"
"ရင့်တို့အိမ်က အိမ်တော်ထိန်းသားအမိလက်ချက်ပေါ့...တော်သေးတယ် မောင်ရင့်ကိုခေါ်လာထဲက အီသာကို ရင့်အိမ်ထဲကိုလွှတ်ထားမိလို့ ရင့်ဒယ်ဒီမသေတာ...ဒါပေမဲ့.. ဟူး.. ဟိုအယုတ်တမာသားအမိ ခတ်တဲ့ဆေးတွေကများတယ်တဲ့..."
ရင့်သိလိုက်ပါပြီ။ခွန်ပြောချင်နေတဲ့ စကားရဲ့နောက်ဆက်တွဲကို ရင့်သိလိုက်ပါပြီ။
"ရင့်လဲအရမ်းငိုမနေနဲ့လေ...ရင့်လဲနေကောင်းတာမှမဟုတ်တာ..တော်ကြာ ရင့်လဲသွားရင် မြို့စားကြီးအနားမှာ မနေနိုင်ပဲနေဦးမယ်!!"
"ဟုတ်ကဲ့"
မျက်ရည်တွေကိုသုတ်ကာ သူ့အရှေ့မှာ လိမ္မာပြနေတဲ့ ရင့်ကိုကြည့်ပြီးအသဲယားလာမိသည်။
>> တောင်းပန်ပါတယ်ရင့်...
မောင် မင်းအဖေကိုမသတ်ခဲ့ပေမဲ့
သူလုပ်ခဲ့တဲ့လုပ်ရက်တွေအတွက်တော့ မောင့်ယောက္ခမ ဆိုတာထက်ပိုပြီးဘာမှမလုပ်ပေးနိုင်ဘူး ရင့်
အခုတောင် မင်းအဖေကိုကယ်ခဲ့တာ မင်းငိုနေမှာကို မောင်မလိုလားလို့ပဲရင့်...
ထပ်ပြီးတောင်းပန်ပါတယ်
မင်းအကိုကိုသတ်ခဲ့မိလို့...
သူ့ကိုမောင်မသတ်ရင် သူကမောင့်ဆီကနေ မင်းကိုဆွဲထုတ်ဦးမှာလေ"မောင် မင်းကိုဘယ်တော့မှလက်မလွှတ်ဘူး အချစ်!!!"
~~~~~~~~~~~~~~~~~~~
"ဝေါ.....ဝေါ....ဝေါ....."
တသွင်သွင်စီးနေတဲ့ ရေပြင်ကိုကြည့်ပြီး ရင့်ငိုနေမိသည်။
"ဒယ်ဒီ!!"
နှုတ်ဖျားကနေ ခပ်တိုးတိုးခေါ်မိပေမဲ့ ရင့်မျက်ရည်တွေကတော့ စီးဆင်းနေတဲ့မြစ်ရေတွေနဲ့အပြိုင်ပင်။
ရင့်ရင်ခွင်ထဲမှာ ကျစ်နေအောင်ပိုက်ထားသည်က ဒယ်ဒီအရိုးပြာအိုး။
ဒယ်ဒီ့ရဲ့နောက်ဆုံးဆန္ဒအရ ပြာကိုဒီဒန်းတစ်မြစ်မှာမျှောပေးပါတဲ့လေ။မာမီ့အရိုးပြာကိုလဲ ဒီမြစ်မှာပဲမျှောခဲ့တာမို့ သူ့ပြာကိုလဲဒီမြစ်မှာပဲမျှောပေးပါတဲ့။
YOU ARE READING
"မောင့်မာနနောက်ကွယ်ကကျွန်မ"(Complete)(Unicode)
Romance"ကျုပ်ဘာမှမှားစရာအကြောင်းမရှိဘူး!!မင်းအဖေစဝ်ဖီဖက လူယုတ်မာ မင်းကလူယုတ်မာသမီး!!အရင်က မင်း ကျုပ်ကိုမသိပေမဲ့ အခုအချိန်ကစပြီး မင်းမဖြစ်မနေကျုပ်ကိုသိရပြီ!!မင်းအဖေရဲ့လုပ်ရပ်တွေနဲ့တူညီတဲ့ အရာတွေကို ဒီနေ့ကစပြီးမင်းခံစားရတော့မှာ!!" 'ခွန်ပရာဂျက်'