Part (10)

3.7K 108 4
                                    

မနက်သို့ရောက်‌လာတော့ ရောင်ဖြာ‌ေနခြည်အိပ်ရာကထလာသည်
ဘေးကိုကြည့်လိုက်တော့ ဘေးမှာဘယ်သူမှရှိမနေပါ
သူထလာတော့ ရေချိုးခန်းထဲကနေ ဧကရာဇ် ထွက်လာသည်

"နိုးလာပြီးလား"

ရောင်ဖြာကတော့ဘာမှမပြောဘဲ ရေချိုးခန်းထဲကိုဝင်ဖို့လုပ်နေသည်

"‌ေမးနေတာ မကြားဘူး‌လား"

"ကျွန်တော် နိုးနေလို့ခများရှေ့မှာရပ်နေတာ ခများမမြင်ဘူးလား"

ရောင်ဖြာရဲ့အသံကဒေါသသံမဟုတ်ဘဲ  ပင်ပန်းနေတဲ့အသံသာဖြစ်သည်

"ကျစ်! ကျုပ်ပြောမယ် နားထောင် ဒီအိမ်ကကျုပ်အိမ်
နောက်ပြီး မင်းလိုချင်တာရှိရင် အိမ်မှာအစေခံတွေရှိတယ် မင်းကိုပြီးရင်အစေခံတစ်ယောက်လာခေါ်လိမ့်မယ် သူက မင်းနေရမဲ့အခန်းကိုလိုက်ပြလိမ့်မယ်
အဲ့ဒါကျုပ်အခန်းပဲ ပြီးရင် ဂရေဆန်မင်းဆီလာလိမ့်မယ် မေးချင်တာဖြစ်ဖြစ် အကူအညီတောင်းစရာဖြစ်ဖြစ် သူကိုပြောလို့ရတယ် "

"နေပါအုံး  ခများကဘယ်သွားမလို့လဲ"

"အလုပ်ကိစ္စနဲ့အပြင်ကိုသွားမှာ ထွက်ပြေးဖို့တော့မကြိုးစားနဲ့နော် ထွက်ပြေးလို့ကတော့  တစ်လလောက် မထနိုင်‌ဖြစ်သွားမယ်"

ထိုသို့ပြောပြီးဧကရာဇ်ကအဝတ်စားလဲခန်းထဲဝင်သွားသည် ရောင်ဖြာနေခြည်လည်း ရေချိုးခန်းထဲဝင်သွားကာ ရေချိုးပြီးပြန်ထွက်လာတော့ အိပ်ရာပေါ်မှာအဝတ်အစား တွေကအဆင်သင့် ရှိနေသည်
သူ့အထင်တော့ ဧကရာဇ် လုပ်ပေးထားးတာထင်တယ်
သူလဲ့အဝတ်အစားဝတ်ပြီးခန အကြာမှာ

ခေါက်! ခေါက်! ခေါက်!

"ဝင်ခဲ့ပါ"

ရောင်ဖြာထိုသို့ပြောတော့ အစေခံမ လေးလဲအခန်းထဲဝင်လာပြီး

"သခင်လေး ကျွန်မနဲ့အတူလိုက်ခဲ့ပါ"

"အင်း"

ရောင်ဖြာလည်းထို့သို့ပြောပြီး အစေခံမလေးနောက်ကို
‌လိုက်သွားခဲ့သည်  အစေခံမလေးသည်သူအား အခန်းတစ်ခုအရှေ့ သို့ရောက်တော့

"ဒီအခန်းပါသခင်လေး "

ထိုသို့ပြောပြီးသူမလဲ အောက်ထပ်သို့ဆင်းသွားလေသည် ရောင်ဖြာလဲ အစေခံမလေးပြသည့် အခန်းကို
ဝင်သွားသည် ။
အခန်းကြီးကအလွန်ကျယ်ပြီး လှပလွန်းသည်
အနီရောင်ကိုသာဦးစား‌‌ေပးအသုံးပြုထားသည့်အခန်းကြီးသည် ဧကရာဇ်ဘာ အရောင်ကြိုက်သည်ဆိုတာကိုဖော်ပြနေသည်  ထိုအချိန်တွင် ဂရေဆန်သည်မနက်စာ နှင့်အတူ  ရောက်လာသည်

FALSE  REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)Where stories live. Discover now