part (23)

1.3K 65 4
                                    

သာယာလှသည့်အီတလီနိုင်ငံ၏မနက်ခင်းတွင် ရောင်ဖြာတစ်ယောက် အစောကြီးအိပ်ရာထနေ၏ အရင်ကဆို အအိပ်မက်တက်တဲ့သူက ဒီနေ့ကြမှ အစောကြီးထနေသော် အနည်းငယ်တော့ ထူဆန်းနေသည်
အနည်းငယ်ငယ်မဟုတ်ပါ ဒီနေ့မနက်က အများကြီးထူးဆန်းသည် ။ အကြောင်းကတော့ဧကရာဇ် ပြန်လာမှာကို  
ရောင်ဖြာရေချိုးနေရင်း

"မဟုတ်သေးပါဘူး လူကြီးက ပုံမှန်ဆို ဧည်သည်တွေအိမ်လာတာမကြိုက်ဘူးလေ ဘာကိစ္စ ဧည့်သည်က ပါလာအုံးမှာလဲ"

ဟုတ်သည် ဧကရာဇ်က ဧည့်သည်တွေလာတာမကြိုက်ပါ မိသားစုကလွဲရင်အခြားလူအိမ်ဝင်တာလုံးဝမကြိုက်

"အလုပ်ကိစ္စပဲနေမှာပါလေ"

ဧည့်သည်က ဘယ်သူမှန်မသိသေးပေမဲ့ ရောင်ဖြာကတော့လက်ခံရမှာပဲလေ
ရောင်ဖြာတစ်ယောက်အတွေးများနှင့် ရေချိုး၍ပြီးသွားလေသည် ရေချိုးပြီးသည်နှင့် အဝတ်အစားတန်းလဲပြီးအောက်ထပ်ဆင်စလာခဲ့သည်
အောက်ထပ်၌ Grayson တစ်ယောက်ဧည့်ခန်းထဲတွင်ထိုင်နေ၏ ရောင်ဖြာကိုတွေ့တော့

"ရောင်ဖြာခနလာအုံး"

"ဟုတ်"

ရောင်ဖြာသည်ဂရေဆန်ခေါ်သည့်အတိုင်း ဧည့်ခန်းထဲသို့ရောက်လာ၏ ထိုနောက် Grayson ၏ဘေးနားတွင်တင်ထိုင်လိုက်၏

"အကိုပြောပြစရာရှိလို့"

"ဟုတ်ပြောလေ"

ရောင်ဖြာ Grayson ၏မျက်နှာကိုသေသေချာချာကြည့်ပြီးပြန်ဖြေလိုက်၏ နောက်ပြီးပြောပြမည့်စကားကိုလဲကြားချင်မိနေ၏

"အခု ဧကရာဇ်ရဲ့အနောက်မှာဧည့်သည် နှစ်ယောက်ပါလာလိမ့်မယ် တစ်ယောက်က အာဏာစက် ၊ ဘုရင်စက်ရဲ့အကို၊ နောက်တစ်ယောက်က ဆိုဖီ ၊ သူမက..."

"သူမက.... ဘာဖြစ်လဲအကို "

"မင်းကြားရင်အံဩသွားလိမ့်မယ် သူမက ဧကရာဇ်ရဲ့အချစ်ဦး..."

"ဟမ့် !!"

ရောင်ဖြာမျက်လုံးလေး ဝိုင်းစက်သွား၏ ချက်ချင်းဆိုသလိုခေါင်းထဲမှာအတွေးပေါင်းများစွာဝင်ရောက်လာသကဲ့သို့ ရင်ဘက်ထဲတစ်မျိုးကြီးခံစားလိုက်ရ၏

"ဒါပေမဲ့မပူပါနဲ့ အဲ့တစ်ယောက်နဲ့ ဧကရာဇ်က အလုပ်ကိစ္စအရပတ်သတ်‌နေတာပါ ဧကရာဇ်ကသူကိုလမ်းခွဲလိုက်တာကြာပေမဲ့ ဧကရာဇ် သူမအပေါ် ခံစားချက်ရှိသေးလားမရှိတော့ဘူးလားဆို‌တာတော့ အကိုလဲမပြောတက်ဘူး ....အရေးကြီးတာက မင်း ဧကရာဇ်အပေါ်ခံစားချက်ရှိရင် ဧကရာဇ် အဲ့မိန်းမအပေါ်စိတ်မယိုင်သွားအောင်ထိန်းတက်ဖို့ပဲလိုတယ် "

FALSE  REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)Where stories live. Discover now