part (13)

3.9K 117 9
                                    

(ဘုရင်စက်တို့ ဘက်တွင်)

"မောင်ရေ"

"ပြောလေ အသက် "

ဂရေဆန်ကိုကြည့်ရတာတစ်ခုခုကိုပူဆာတော့မယ့်ပုံစံရှိသည်

"မောင် အသက် အဖေရဲ့အုတ်ဂူကိုသွားချင်လို့ "

"အင်း မောင် လိုက်ပို့မယ်လေ"

ဒီနေ့က ဂရေဆန်ရဲ့အဖေသေတာ၂နှစ်ကြာသွားပြီးလေ
ဒီနေ့က ရာသီဥတု လည်းသာယာတယ် နောက်ပြီး ဘုရင်စက် လဲ အလုပ်ပိတ်ရက်လေ

"အခုသွားမယ်လေ အသက်"

"ချက်ချင်းကြီးလားမောင် "

သူပြောတာ ခဏနေမှသွားမယ်လုပ်တာ

"အင်း အသက်အဆင်ပြေတဲ့အချိန်သွားမယ်လေ"

"ရပါတယ် အခုသွားမယ် "

ထိုသို့ပြောပြီး အောက်ထပ်ဆင်းလာတော့ ဧကရာဇ်ကိုမတွေ့ပါ ဘာကြောင့်မရှိရတာကိုဘုရင်စက်ကတော့သိသည်

"ဟင် ‌အစောင့်တွေမရှိပါလား ရောင်ဖြာရောက်လာတဲ့နေကစပြီးအစောင့်တွေထားတာမဟုတ်ဘူးလား"

"ဒီနေ့ boss ကနစောင့်တွေမထားတာ ဘာလို့လဲတော့မောင်လဲမသိဘူး"

ဂရေဆန်လည်းခေါင်းသာညိတ်ပြီး အပြင်ထွက်လာခဲ့သည် ကားပေါ်ရောက်သည်နှင့်သူတို့နှစ်ယောက်ဘာမှမပြောဘဲ ဂရေဆန်အဖေအုတ်ဂူရှိရာကို သွားခဲ့ကြသည်
အုတ်ဂူနားရောက်တော့ ဂရေဆန်က ပန်းစည်လေးကိုဘေးမှချပြီး

"ဖေဖေ လူဝဘမှာ ပင်ပန်းခဲ့တာတွေအတွက်အေးအေးချမ်းချမ်း အနားယူးပါ"

ဂရေဆန်အဲ့လိုပြောနေရင် မျက်ရည်များစီးကျလာသည် ထို့သို့ဖြစ်မည် ဆိုတာ ဘုရင်စက်ကြိုသိသည့်အတွက်

"အသက် မောင်တို့အိမ်ပြန်ရအောင်"

"ဟုတ်"

ထို့သို‌ပြောပြီး ဂရေဆန်နဲ့အတူ အိမ်သို့သာပြန်လာခဲ့ကြသည်

*********************
တစ်ဖက်တွင်

ကြီးကျယ်ခန်းနားလှသည့်ဧည်ခန်းကြီးတွင် လူတစ်ယောက်သည် ဆိုဖာပေါ်မှာထိုင်ရင် သားနှင့်သမီးကိုစောင့်နေသည် ထိုသူကတော့ ဧကရာဇ်တို့ရဲ့အဖေပေါ့
ထိုသူစောင့်မျှော်နေသည်အတိုင်း သူ၏သားနှင့်သမီးရောက်လာလေသည်

FALSE  REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)Where stories live. Discover now