part -(22)

1.5K 56 11
                                    

မှောင်မိုက်အေးစက်သော လေထုတွင် စေးကရက်ရနံကဖုံးလွှမ်းလျက် မှောင်မိုက်သောအခန်း၏ တစ်နေရာတွင်လူတစ်ယောက်သည် ဆိုဖာကိုအမှီပြုလျက်စေးကရက်ထိုင်သောက်နေ၏ ထိူလူ၏ပုံစံကာ လူတစ်‌ေယာက်အားစောင့်စိုင်းနေဟန်  မကြာပါ ထိုအခန်းထဲသို့အမျိုးသမီးတစ်ဦးဝင်ရောက်လာသည်

"ကျွန်မကိုဘာကိစ္စရှိလို့ခေါ်ရတာလဲ"

"မင်းနဲ့အပေးအယူလုပ်မလို့"

ထိုမိန်းကလေးသည် ဧကရာဇ်၏ရည်းစားဟောင်းထဲမှတစ်ယောက်ဖြစ်၏ သူသည် အမှန်တိုင်းဆိုရလျှင် ဧကရာဇ်၏ရည်းစားဦး အချစ်ဦးနေရာတွေကိုပိုင်ဆိုင်ထားသည်သူဆိုလျှင်မမှားပေ။သို့သော် ထိုမိန်းကလေးက ဖောက်ပြန်သွားသောကြောင့် ဧကရာဇ်ကလမ်းခွဲလိုက်ခြင်းဖြစ်သည် သူနှင့် ပြတ်သွားပြီးမှစပြီးဧကရာဇ်မိန်းမရှုပ်တော့တာ ရောင်ဖြာရောက်လာမှခြေငြိမ်တော့သည်

"ဒီမှာ Vincenzo (ဗင်းစင်ဇို) ကျွန်မရှင်နဲ့ဘာအပေးအယူမှမလုပ်နိုင်ဘူး "

"သေချာ လား"

Vincenzo ကတော့ Tiger ဂိုဏ်း၏ခေါင်းဆောင်ဖြစ်ကာ မာနဧကရာဇ်ကိုအမြဲရန်လိုသူဖြစ်၏ နောက်ပြီး
အမုန်းဧကရီ၏လက်ထက်ပွဲ၌ ရောင်ဖြာနေခြည်ကို၏အလှကိုမြင်ကာ ရောင်ဖြာနေခြည်ကိုအပိုင်လိုချင်နေသူဖြစ်၏

"သေချာတယ် ကျွန်မရှင်နဲ့မပတ်သတ်ချင်ဘူး"

"အပေးအယူက မာနဧကရာဇ်ဆိုရင်ကော"

ထိုအမျိုးသမီး၏မျက်နှာထားချက်ချင်းပြောင်းလဲသွား၏ သူစိတ်ဝင်စားသည် ထိုအပေးအယူကဘာများလဲ မာနဧကရာဇ်နှင့်ဘာများပတ်သတ်လို့လဲ
မာနဧကရာဇ်နှင့်သူမအချိန်အနည်းငယ်သာ တွဲခဲ့ပေမဲ့သူမ ဧကရာဇ်ကိုအတော်ချစ်သည်

"ဘာလိုမျိုးလဲပြော"

Vincenzo ၏မျက်နှာထက်ဝယ်သဘောကြ‌ေသာမျက်နှာထားကိုဖန်တီးကာ စီးကရက်ကို ပြာထောက်ချရင် မဲ့ပြုံး ပြုံးလိုက်၏ မထင်ရပါလား မာနဧကရာဇ်ဆိုသည်နှင့်ထိုအမျိုးသမီးက ချက်ချင်းအပေးအယူကိုလက်ခံသည် ဤသည်ကာ ထိုအမျိုးသမီးမာနဧကရာဇ်အားမည်မျှစွဲလမ်းကြောင်းဖော်ပြနေသည်

FALSE  REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)Where stories live. Discover now