part (16)

2.7K 76 4
                                    

ဧကရီတစ်ယောက် ရုံးခန်းထဲမှာထိုင်နေရင်း အတွေးများက ‌ပြန်နှံလျက်

"ဟူး ငါဘယ်လိုလုပ်မလည်း ငါမှာချစ်သူရှိတယ်လို့ပြောရမလား ဘယ်လိုတွေလုပ်ရမလဲ တကယ်လို ကိုကိုသာပြန်လာလိုရှိရင် သူကိုငါဘယ်လိုပြောရမလဲ"

"နောက်ပြီး ရောင်ဖြာနေခြည်ရဲ့ အဖေက မေမေကိုသတ်တုန်းက မြန်မာနိုင်ငံမှာဆိုရင် မေမေကိုသတ်တုန်းက ဘေးနားမှာရှိနေတဲ့လူက ဘယ်သူလည်း"

ဧကရီတစ်ယောက်ကိစ္စနှစ်ခုကြားတွင် သေချင်စိတ်တွေတောင်ပေါက်လာသည်
ထိုအချိန်တွင်

ခေါက်! ခေါက်!

"ဝင်လာခဲ့ "

ဝင်လာသူကတော့ဆိုမာဖြစ်သည်

"ဧကရီ dragon ဂိုဏ်းက မင်းကို လက်ဆောင်လာပေးသွားတယ် "

"ပေး"

ဧကရီလည်း ထိုသို့ပြောပြီး ဆိုမာလက်ထဲက သစ်သားသတ္တာကိုလှမ်းယူလိုက်သည်  ထိုနောက် သစ်သားသတ္တာကိုဖွင့်ကြည့်လိုက်တဲ့အခါ အထဲတွင် ကျောက်စိမ်း ဆံထိုး တစ်ချောင်းပင်ဖြစ်သည်

"ဟင် ဒီဆံထိုး .. ထိုး က "

ဘာမဟုတ်တဲ့ကျောက်စိမ်း ဆံထိုးလေးက ဧကရီက မျက်ရည်ကျသွားစေတဲ့အထိ အတိတ်ကအမှတ်တရတွေက ဖော်လိုက်ပါတော့သည်

"ဒါဆို လော်ရန်ဇိုက ကိုကိုပေါ့"

"ဟင့်"

ဆိုမာကြောင်တောင်တောင်လေးဖြစ်သွားသည် ဧကရီကဘာတွေပြောနေတာလည်း သူနားမလည်ဘူလေ

"ဧကရီ ဘာဖြစ်"

"Dragon အိမ်တော်ကိုအခုချက်ချင်းသွားမယ် "

"ဟုတ်"

ဆိုမာလည်းဘာမှမပြောတော့ဘဲ ခေါင်းကိုညိတ်ပြီး

"ဒါဆိုသွားမယ်လေ"

ထိုသို့ပြောပြီး နှစ်ယောက်သား dragon အိမ်တော်ကိုရောက်လာသည် အိမ်ရှေ့တွင်အစောင့်နှစ်ယောက်က

"ဘာကိစ္စရှိလို့ပါလဲ"

"မင်းတို့ဂိုဏ်းခေါင်းဆောင်နဲ့တွေ့ချင်လို့"

"ဟုတ်ကဲ့ ကျွန်‌တော်နောက်ကလိုက်ခဲ့ပါ"

"အင်း"

FALSE  REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)Where stories live. Discover now