လေပြေအေးကလေးတိုက်ခိုက်လျက် မိုးတွင်းကာလ၏အဓိပ္ပါယ်ကိုဖွင့်ဆိုနေသည် မကြာခင်ကပင်မိုးသည်းထန်စွာရွာသွန်းထားသည့်တိုင် ယခုအခါ မိုးဖွဲဘေးများသာရွာတော့သည်
Grayson တစ်ယောက် သူ၏ ဂျူတီ ချိန်ပြီးပြီးမလို့ အိမ်သို့ပြန်လာသည်အရင်ကဆို ဘုရင်စက်လာကြိုနေကြ အခုတော့ဘုရင်စက်က ပြင်သစ်ကိုသွားသဖြင့် ကိုယ်ဟာကိုယ်သာ ပြန်လာရသည်
ဆေးရုံ၏အထွက်တွင် လူတစ်ယောက်သည် အလျင်လို၍ထွက်လာသဖြင့် Grayson အားဝင်တိုက်မိသည်"အာ . တောင်းပန်ပါတယ်ခမျ"
"ရပါတယ် .. ဟင် မင်းက Lucien(လူစီရန်) မလား"
"ဟာ Grayson မတွေ့ရ တာတောင်ကြာပြီ "
Lucien ကတော့ Grayson နဲ့ ဆေးကျောင်အတူတက်ခဲ့တဲ့ သူငယ်ချင်းလို့ဆိုရမှာပေါ့ Lucien က မြန်မာနိုင်ငံမှာ အနေများပေမဲ့အခုအခါ အီတလီမှာပြောင်းပြီးနေလေသည် သူတို့နှစ်ယောက် လုပ်ငန်းခွင်ထဲရောက် တော့ လူကွဲသွားပြီးမတွေ့ရတာ အခုဆို2နှစ်ကျော်လောက်ရှိပြီး
"မင်းနဲ့ မတွေ့ရတာကြာပြီးဆိုတော့ စကားပြောချင်တယ်ကွာ အရင်တုန်းကလို"
"အင်း ဒါဆိုဒီနားမှာရှိတဲ့ cafe ကိုသွားမယ်"
"သွားမယ်"
ဝေးကွာသွားတဲ့သူငယ်ချင်းနှစ်ယောက် ပြန်ဆုံတော့ မထင်ထားပဲ သူငယ်ချင်းဖြစ်သူက မပြောင်းလဲသွားပါ
အမူအကျင် ၊စကားပြောပုံ ၊ အနေအထိုင်စသည်ဖြင့်ပေါ့
Cafe အရောက်"ဘာများအလိုရှိပါသလဲရှင့် "
ဆိုင်ဝန်ထမ်းမလေးတစ်ဦးသည် သူငယ်ချင်းဖြစ်သူနှစ်ဦးအားသူ၏အလုပ်တာဝန်အရလာရောက်မေးသည်
သူတို့နှစ်ယောက်ကတော့ အရင်က နှစ်ယောက်သောက်ခဲ့ကြတဲ့အတိုင်း"Ice coffee နှစ်ခွက်ပေးပါ".
"ဟူတ်ကဲ့ခနစောင့်ပေးပါရှင့်"
ထိုသို့ပြောပြီး သူငယ်ချင်းနှစ်ယောက် လူလွတ်တဲ့နေရာတစ်ခုမှာဝင်ထိုင်လိုက်ကြသည် ရာသီဥတုက အေးစိမ့်စိမ့်လေဆိုတော့ နေရတာ အရမ်းကြီးမပူပါ
"Grayson မင်း ဟိုတစ်ယောက်နဲ့ကော အဆင်ပြေရဲ့လား"
"ပြေပါတယ် သူကငါဆိုအရမ်းအလိုလိုက်တယ် တစ်ခါတစ်လေတော့ ရန်ဖြစ်တဲ့အချိန်တွေရှိတာပေါ့ "
YOU ARE READING
FALSE REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)
ActionBlဖတ်တဲ့သဲလေးတွေအတွက်အဆင်ပြေပါတယ်နော်ဇာတ်ေကာင်ေတွကmafiaတွေဖြစ်တဲ့အတွက်ရိုင်းစိုင်းတဲ့အပြုအမူတွေပါ ပါတယ် အဲ့အတွက်အဆင်ပြေမှဖတ်ဖို့အကြံပေးပါတယ် ပုံတွေကpinထဲကယူတာတဲ့အတွက်crdပေးပါတယ်