ကြီးမားလှသည့်ဧည့်သည်ဆောင်ခန်းကြီးတွင်တစ်ယောက်သူကတော့ သူ၏ဒေါသမီးဖြင့်သူပူလောင်နေ၏
ဒေါသထွက်ခြင်းသည် ကိုယ်တိုင်အဆိပ်သောက်ပြီး သူများကိုအဆိပ်သင့်စေချင် တာနှင့်နည်းတူဖြစ်၍
ယခုတွင်ဆိုဖီကိုကြည့် သူစတဲ့မီး သူကိုယ်တိုင်လောင်နေလေသည်"အဲ့အကောင်က ဘာေ*ာက်ဆင့်ရှိလို့ မောင်က သူကိုကြိုက်နေရတာလဲမသိဘူး ၊ ဘာတဲ့ခေါ်တာ လူကြီးတဲ့ ရွံစရာ ..."
ဆိုဖီတစ်ယောက်ရောင်ဖြာကိုရွဲ့ကာပြောနေသည့်ပုံက ဘီလူးမ သံပုရာကြမ်း ကိုက်ထားသည့်ရုပ်ဖြင့်
ခက်ပေရော ရောင်ဖြာနှင့်သူနှင့်ယှဉ်လျှင် ရောင်ဖြာက အများကြီးသာလွန်းပါသည်"ကြည့်နေလိုက် ရောင်ဖြာနေခြည် မောင်ဟာ အရင်ထဲကငါအပိုင်ဖြစ်ခဲ့သလို အခုလဲငါအပိုင်ပြန်ဖြစ်စေရမယ် "
ရောင်ဖြာနေခြည်ကိုသူ မနာလိုပါ သူလိုမိတ်ကပ်လိမ်းမှာ လှတာမဟုတ်ဘဲ သဘာဝအလှကိုဘယ်မှီပါ့မလဲ
ရှက်သွားရင် ပါးလေးတွေနီသွားတာ ၊
အတင်းလုပ်ယူပြီးချွဲတဲ့အသံထက် သူလိုလိုဖြစ်ပေါ်လာသည့် ဒေါသဆန်ဆန်အသံလေးတွေ၊
သူလိုတာမရရင် ခြေဆောင့်တာ ၊
အပြစ်ပေးခံရရင် မျက်နှာငယ်လေးနှင့်တောင်းပန်တာ၊
ဧကရာဇ်စိတ်တိုနေတဲ့အချိန် ငြိမ်ပြီးလာချော့တာ
စသည့်ဖြင့် ဆိုဖီမမှီနိုင်တဲ့၊ မလုပ်နိုင်တဲ့ ၊မရနိုင်တဲ့အရာတွေကို ရောင်ဖြာက ရရှိထားတာကို
ရောင်ဖြာကို သူမမှီနိုင်ပါ"ငါဆိုတဲ့ကောင်မက ငါအပိုင်ကိုအခြားလူထိတာကိုလုံးဝကြိုက်တဲ့လူမဟုတ်ဘူး လာထိသမျှလူတိုင်းကိုလဲ အရှင်ထားမှာမဟူတ်ဘူး "
ဧကရာဇ်က အရင်ကဆိုဖီအပိုင်ဆိုပေမဲ့ ယခုအခါသူ မပိုင်တော့ဘူး၊ ရောင်ဖြာရဲ့အပိုင်သာဖြစ်၏။
ဆိုဖီတစ်ယောက် သူအပိုင်ကိုအခြားလူက လာထိတာလား ၊ အခြားလူအပိုင်ကိုသူက သွားထိလာတောင်မသဲကွဲတော့တောခြေသေချာတာကတော့ ဧကရာဇ်နှင့် ရောင်ဖြာတို့ကြား မုန်တိုင်းအကြီးအကျယ်ဝင်တော့မည် ~~
∆~~~~∆∆∆∆~∆∆∆∆∆~∆∆∆∆∆∆~~~∆
အေးစက်သောအခန်းလေထု၏တိတ်ဆိတ်မှုအား ဆိုမာ၏အသံဖြင့်ဖုံးလွှမ်းစေခဲ့သည်။ ဆိုမာ၏မျက်နှာတွင်မကျင်နပ်သည့်အနေအထားပေါ်လွင်နေ၏
YOU ARE READING
FALSE REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)
ActionBlဖတ်တဲ့သဲလေးတွေအတွက်အဆင်ပြေပါတယ်နော်ဇာတ်ေကာင်ေတွကmafiaတွေဖြစ်တဲ့အတွက်ရိုင်းစိုင်းတဲ့အပြုအမူတွေပါ ပါတယ် အဲ့အတွက်အဆင်ပြေမှဖတ်ဖို့အကြံပေးပါတယ် ပုံတွေကpinထဲကယူတာတဲ့အတွက်crdပေးပါတယ်