Lucien တို့အိမ်တွင် ရောင်ဖြာနေခြည်တစ်ယောက် အာဏာစက်၏အလာကိုစောင့်ရင်း Lucien နှင့်စကားထိုင်ပြောနေ၏ Lucien သည်တစ်ကောင်ကြွက်ဖြစ်၍ နေတော့လည်း တိုက်ခန်းအသေးလေးတစ်ခုတွင်သာနေထိုင်သည်။
"ဟိုတစ်ယောက်မင်းကိုစိတ်ဆိုးသွားတာလားမသိဘူး"
"မဖြစ်သင့်ဘူးကွာ ။ ငါကစိတ်ဆိုးပြီး သူငယ်ချင်းအိမ်သွားတာကို သူက လိုက်ချော့ရမှာလေ ။ သူကပြန်ပြီးစိတ်ဆိုးလို့ ဖြစ်မလား "
"နေပါအုံး မင်းက သူကိုစိတ်ကောက်တယ်ဆိုတော့ မင်းသူကိုချစ်သွားတာလား ..?"
ရောင်ဖြာတစ်ခန တွေးဝေသွား၏ ဘယ်ကမှန်း မသိသည့် ပျော်ရွှင်မှုတစ်ခုခေါင်းထဲက တစ်ဆင့် နှလုံးသားထဲသို့ စမ့်ဝင်သွားလျက် ဟန်ဆောင်မှုကင်းမဲ့စွာ ပြုံးလိုက်၍ နှုတ်ဖျားမှထွက်လာသည့်စကားက ..
"ငါသူကို .. ချစ်မိသွားပြီး "
ထိုစကားက Lucien ရို အံအားသင့်စေရုံသာမက တိုက်ခန်း၏ တံခါးအပြင်ဘက်တွင် တံခါးခေါက်ခါနီး ဖြစ်နေတဲ့ အာဏာစက်၏ လက်ကိုပါရပ်တန့်သွားစေသည်။
အားကျရပါတယ် ဧကရာဇ် ရောင်ဖြာနေခြည်လိုချစ်ဖို့ကောင်းတဲ့လူသားလေးကိုရရှိထားလို့ ..။
ခေါက် ! ခေါက် ! (တံခါးခေါက်သံ)
"မင်းပြောတဲ့ အာဏာစက်ရောက်ပြီးထင်တယ် ငါတံခါးသွားဖွင့်ပေးလိုက်အုံးမယ်"
ရောင်ဖြာတစ်ခွန်းမှမပြောဘဲခေါင်းကိုဟာအသာလေးညိတ်မိသည် ။ Lucien တံခါးကိုသွားဖွင့်လိုက်သည့်အချိန်တွင် မထင်မှတ်ထားသည့် လူတစ်ယောက်က Lucien၏ အာရုံကိုဖမ်းစားသွားသည်
အာဏာစက်ဆိုတဲ့လူက ချောလိုက်တာ
အာဏာစက်ပြုံးပြလိုက်သည့်အခါ သူသည်လည်း ဘုရင်စက်အလား ပါးချိုင့်လေးနှင့်။ဖွေးဖြူနေသည့် ကြွေရောင်ပလဲလုံးတွေ ကဲ့သို့ဖြူဖွေးလှသည့် သွားများနှင့်
နွေးထွေးလှသည့် သူ၏အပြုံးတွင် Lucien ပျော်ဝင်သွားလေသည့်..သူ၏အပြုံးသည် နွေးထွေးသည်။ နူးညံ့သည်။
မျက်လုံးအေးစေသည်။ သိမ်မွှေ့သည်။
အလွန်ပင် ကြည့်၍ကောင်းသည်။
ခပ်ဩဩ အသံဖြင့်..
YOU ARE READING
FALSE REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)
ActionBlဖတ်တဲ့သဲလေးတွေအတွက်အဆင်ပြေပါတယ်နော်ဇာတ်ေကာင်ေတွကmafiaတွေဖြစ်တဲ့အတွက်ရိုင်းစိုင်းတဲ့အပြုအမူတွေပါ ပါတယ် အဲ့အတွက်အဆင်ပြေမှဖတ်ဖို့အကြံပေးပါတယ် ပုံတွေကpinထဲကယူတာတဲ့အတွက်crdပေးပါတယ်