part -(19)

3.3K 102 7
                                    

ဒီနေ့ကတော့အလုပ်ပိတ်ရက်လေးဖြစ်တဲ့အတွက်ဧကရာဇ်တစ်ယောက် 9နာရီတောင် မနိုးသေးပဲဆက်၍သာအိပ်နေသည် မကြာပါဧကရာဇ်နိုးလာသည်
နာရီကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာ 9နာရီဖြစ်နေတာ‌ကို သူသတိထားမိလာသည်

"စောက်အချိန်တွေကလဲမြန်လိုက်တာ မိုးတောင်လင်းနေပြီး"

ဧကရာဇ်တစ်ယောက်သူလိုလို လည်ပတ်နေသည်နေသည့် အချိန်ကာလကိုပင် စိတ်အလိုမကျစွာ ဆဲဆိုနေသည် တစ်ဖက်သို့လှည့်လိုက်သည့်အချိန်မှာ
ရောင်ဖြာတစ်ယောက်အိပ်မောကျနေသည်
ဖွေးဖြူလှသည့် အသား မထူမပါးမျက်ခုံးမွှေး၊
ဝိုင်းစက်နေသည့် မျက်လုံး နဖူးကနေသွယ်ဆင်းလာသည့် သွယ်လျှသည့် နှာတံ ဘယ်အချိန်ကြည့်ကြည့်
ရောင်ဖြာနေခြည်ဟာ ဧကရာဇ်အမြင်မှာပြီးပြည့်စုံလှသည်

"မင်းက ဘယ်အချိန်ကြည့်ကြည့် မျက်နှာက အကြည့်ဓာတ်လေးအပြည့်ပဲ"

ဧကရာဇ်ပြောပြီး အိပ်ရာပေါ်က ထသွားပြီး ရေချိုးခန်းထဲဝင်သွားသည် ခနအကြာဧကရာဇ်ရေချိုးခန်းထဲကထွက်လာပြီး အင်ကျီလဲ၍ ဆိုဖာပေါ်တွင်ထိုင်၍ အတွေးနယ်ချဲ့ကာ ဆေးလိပ်သောက်နေသည် ထိုအချိန်မှရောင်ဖြာနေခြည်နိုးလာသည် သူနိုးလာသည့်အချိန် နှာခေါင်းထဲ စီးကရက်အနံထောင်ကနဲ့
ရောင်ဖြာနေခြည်က စီးကရက်အနံကိုမခံနိုင်ပါ

" အဟွက်! အဟွက်!"

"ဘာဖြစ်တာလဲ"

"လူကြီးစီးကရက်သောက်ရင် အပြင်သွားသောက်"

ဧကရာဇ်တစ်ယောက် မျက်ခုံပင်ကာ'ဘာလို့အပြင်သွားရမှာလဲ' ဟုသောအမှုအရာဖြင့်ရောင်ဖြာ စီးကရက် အနံမွန်းရတဲ့အထဲ သူက တစ်မျိုး

"ကျွန်တော် စီးကရက် အနံမခံနိုင်လို့ပါလို့ "

ဧကရာဇ်တစ်ယောက်တစ်ခုခုကို‌ေတွးလိုက်သည်
ထိုအရာက

"အပေးအယူလုပ်မယ်ဆိုရင်ရော"

"ဘယ်လိုမျိုးလဲ"

"ကျုပ်စီးကရက်ကို စွဲ‌လမ်းနေတယ် အဲ့အတွက် စီးကရက်ကိုမင်းကအနံမခံနိုင်လို့ မသောက်ခိုင်းရင်
စီးကရက်အစား မင်းနှုတ်ခမ်းကိုယူမယ် စီးကရက်တစ်ခါသောက်ချင်တိုင်း မင်းကိုတစ်ခါနမ်းမယ်
ဘယ်လိုလဲ"

FALSE  REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)Where stories live. Discover now