part (14)

3.5K 114 10
                                    

ဧကရာဇ်ဒေါသဖြင့်ကားကိုမောင်းလာတာ ဘေးဘီကိုတောင်အာရုံမထားမိသဖြင့် ကောင်လေးတစ်ယောက်အားတိုက်မိမလိုဖြစ်သွားသည် ကောင်လေးသည်ကြောက်လန့်သောကြောင့် လမ်းပေါ်တွင်လှဲကျသွားသည် ဧကရာဇ်လည်းကား‌ပေါ်ကဆင်လားပြီး ထူးလိုက်တဲ့အချိန်မှာတော့

" ဟင် ခများ!!"

"ရောင်ဖြာနေခြည် ! "

ဧကရာဇ်လည်း ဒေါသတို့က အစုလိုက်အပြုံလိုက်ထွက်လာသည် ရောင်ဖြာတော်တော်ကံဆိုးပေသည် ဘာလိုဆို သူလက်ထဲကလွတ်မြောက်အောင်ထွက်‌ေပြးလာပါတယ်ဆိုခါမှ သူရဲ့ကားနဲ့တိုက်မိမလို့ဖြစ်ပြီး ပြန်ဖမ်းမိပြန်သည်

"မင်းကလေ နည်းနည်းလေးမှနူးညံ့ပြလိုမရဘူး"

ရောင်ဖြာသည်လည်း ကြောက်စိတ်များဖြင့် ဘာစကားမှဆက်ပြီးမပြောနိုင်တော့ပေ ဧကရာဇ်လည်းရောင်ဖြာကို ကားပေါ်သို့အတင်းဆွဲခေါ်လာပြီး ကားတံခါးကို ဆွဲပိတ်ကာ ကားကို အရှိန်ပြင်းစွာမောင်းနေသည် ဧကရာဇ်ဘယ်လောက် ဒေါသထွက်နေသည်ကို လက်မှ အကြောစိမ်းများက သက်သေပြနေသည်
အိမ်ရောက်သည်နှင့်တစ်ပြိုင်တည်း ရောင်ဖြာကိုကားပေါ်ကဆွဲခေါ်လာပြီးအိမ်ထဲသို့‌ဝင်လာသည် အိမ်ထဲသို့ရောက်တော့ ဂရေဆန်နဲ့ ဘုရင်စက်က ဆိုဖာပေါ်မှာထိုင်နေပြီး သူတို့၏အရှေ့တွင် ဧကရာဇ်တပည့်လို့ထင်ရသည့် လူ 6ယောက်က ဒူးထောက်လျက်

"ရောက်လာပြီးလား"

ဂရေဆန်လည်းထို့သို့ပြောပြီး အပေါ်ထပ်သို့တက်သွားသည် ဧကရာဇ်လည်း

"ပြီးရင် လာမယ်"

ဘုရင်စက်လည်းခေါင်းတစ်ချက်ညိတ်ပြီး  ပြန်ထိုင်လိုက်သည် ဧကရာဇ်နဲ့ ဘုရင်စက် အိမ်မှာဆို ညီအစ်ကိုတွေလိုပဲနေပြီး အလုပ်ချိန်မှာတော့အလုပ်ရှင်နဲ့အလုပ်သမားဆက်ဆံရေးမျိုးရှိသည်
ဧကရာဇ်သည်ရောင်ဖြာကို အခန်းထဲသို့ဆွဲသွင်းလာပြီးကုတင်ပေါ်သို့ဆောင့်ချကာ

"မင်းအလှည့်ပြီးမှလာမယ်"

ဧကရာဇ်လည်းထိုသို့ပြောပြီး တံခါးကိုဆောင့်ပိတ်ကာ
အခန်းအပြင်သို့ရောက်လာသည်အောက်ထပ်သို့ဆင်းလာပြီး ဧည့်ခန်းရှိရာသို့ သွားနေသည်

FALSE  REVENGE(မှားယွင်းသောကလဲ့စားချေခြင်း)Where stories live. Discover now