"ငါတို့နှစ်ယောက်တည်းရှိတာ ဘာလိုကစားမှာလဲ"
"7 ghosts 523*?"
* တရုတ်ဖဲချပ်ဂိမ်းအမျိုးအစား
villaက အိပ်ယာကြီးပေါ်မှာ variety showက အမျိုးသမီးကြယ်ပွင့်နှစ်ဦး၊ 7 ghosts 523 ကစားမယ် ?
ဝမ်ကျင်း ဤတစ်ကြိမ်တွင် တုံ့ဆိုင်းသွားပေမယ့် သူမရှေ့က ကလေးငယ်ရဲ့ သနားစရာကောင်းသည့်အကြည့်ကို မြင်လိုက်ရတော့ သူမနှလုံးသားကို ပျော့ပျောင်းသွားစေတယ်
"ကောင်းပြီ မင်းမှာ ကတ်တွေရှိလား"
"ယူလာတယ် ၊ ယူလာတယ်!" ရွမ်ကျင်းဟုန် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ ခရီးဆောင်အိတ်ထဲမှ အသစ်စက်စက် ဖဲချပ်တစ်ထုတ်ကို အမြန်ယူလိုက်သည်
'Oh~ ကောင်းကောင်းပြင်ဆင်ထားတာပဲ '
ဝမ်ကျင်း ထိုကလေး ကစားရမှာမလို့ ပျော်ရွှင်နေသည်ကို မြင်လိုက်ရတော့ သူမ တစ်သက်တာလုံး ဒီကတ်များဖြင့် ကုန်ဆုံးခဲ့သလို ပျင်းရိစွာ ပြောလိုက်သည်
"ငါတို့နှစ်ယောက်ထဲဖဲကစားရမှာ ပျင်းစရာကောင်းလိုက်တာ၊ ဘာလို့လောင်းကြေးတွေမထည့်တာ
လဲ ""ဘာ... ဘာလောင်းကြေးလဲ?" ရွမ်ကျင်းဟုန် လန့်သွားတယ်
သူမ ကင်မရာရိုက်ကူးနေမဲ့ အချိန်ကို ကျော်ဖြတ်ရန် နည်းလမ်းရှာနေတာဖြစ်တယ်၊ သူမ ဘာ
ကြောင့် လောင်းကြေးထပ်ရမည်နည်းဝမ်ကျင်း နွေးထွေးစွာ ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ ငါတို့က ဖျော်ဖြေရေး အတွက် အဓိကထားပြီး
ဖဲကစားမှာလေ၊ ဘယ်လိုလဲ၊ အကြိမ်အများဆုံး ရှုံးတဲ့သူက အနိုင်ရသူရဲ့ တောင်းဆိုချက်ကို သဘောတူရမယ်။ ထုံးစံအတိုင်း၊ ဒီတောင်း
ဆိုချက်ဟာ ရှုံးတဲ့လူရဲ့ စွမ်းဆောင်ရည်ထက် မကျော်လွန်ရဘူး "အဆင်ပြေပုံပေါ်တယ်!! ရွမ်ကျင်းဟုန် ဝမ်ကျင်းကို မဝံ့မရဲ စိုက်ကြည့်နေလိုက်သည်
ဝမ်ကျင်းက "စိတ်မပူပါနဲ့၊ ကင်မရာရှိနေတုန်းပဲလေ၊ နိုင်ငံတစ်ဝှမ်းက သက်သေအနေနဲ့ရှိနေပြီပဲ၊ ငါမင်းကို လှည့်စားမှာမဟုတ်ပါဘူး"
![](https://img.wattpad.com/cover/360067463-288-k295546.jpg)
YOU ARE READING
ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်
RomanceI don't own this story Credit to original author