ညစာအတူတူစားပြီးတာနဲ့ ရွမ်ကျင်းဟုန်က သူမရဲ့အဝတ်အစားတွေကို ပြန်ယူဖို့ ကားဆီပြန်သွားခဲ့တယ်။ ဝမ်ကျင်းကို ဆက်နှောက်ယှက်ဖို့ သူမရှက်ရွံ့သွားပြီး "ဝမ်လောင်ရှီး ဒီနေ့ ထပ်ပြီး ဒုက္ခပေးခဲ့မိတယ်၊ ဒါဖြင့် အရင်ပြန်လိုက်ပါဦးမယ် "
"ငါ မင်းကို လိုက်ပို့ပေးမယ်" ဝမ်ကျင်း ခရီးသည်ထိုင်ခုံမှာ ထိုင်နေတဲ့ ရွမ်ကျင်းဟုန်ကို လှည့်ကြည့်လိုက်ကာ "ဒါ့အပြင် မင်းငါ့ကို ဒုက္ခပေးနေသလိုမျိုး ခံစားနေစရာမလိုဘူး၊ ငါတို့ကမကြာခင် အတူတူ variety show ရိုက်ကူးရတော့မယ်၊အချင်းချင်း ကြိုပြီးအဆက်အသွယ်လုပ်ထားတာ ပိုကောင်းတယ် "
နွေးထွေးတဲ့ လျှပ်စီးကြောင်းက ရွမ်ကျင်းဟုန် ရဲ့ နှလုံးသားကို ဖြတ်ကျော်ဝင်ရောက်လာခဲ့တယ်
အရင်က အင်တာနက်မှာပဲ တွေ့ခဲ့ရတဲ့ ဝမ်လောင်ရှီးက အမြဲတမ်း ပြုံးနေကာ ဖော်ရွေလိမ့်မယ်လို့မမျှော်လင့်ထားဘူး' J ပြောတာမှန်တယ် ၊ လူတွေကို ပုံပန်းသဏ္ဍာန်နဲ့ အကဲဖြတ်လို့မရဘူး !!'
ရွမ်ကျင်းဟုန်က သူမရဲ့ နှလုံးသားထဲမှာ ကျေးဇူးတင်နေပေမယ့် ချက်ချင်းတော့ သဘောမတူပေ "ဒါပေမယ့် ဝမ်လောင်ရှီးရဲ့Villa ကိုပြန်
မယ့်လမ်းကြောင်းနဲ့ မတူဘူးလေ "ဝမ်လောင်ရှီးက နွေးထွေးပြီး စိတ်ကောင်းရှိသူဖြစ်သည်၊ သို့သော် ၎င်းကြောင့် သူမကို ဒုက္ခပေးလို့ မရပေ
ဝမ်ကျင်းက ရွမ်ကျင်းဟုန် ကို မကျေနပ်ကြောင်း အရိပ်အမြွက်ပြကာ လှမ်းကြည့်လိုက်သည်
'မဟုတ်တဲ့အချိန်တွေဆို ဉာဏ်အရမ်းကောင်းတယ် 'ရွမ်ကျင်းဟုန် ဟာ ဒီအကြည့်ကြောင့် ရှင်းရှင်း
လင်းလင်း အပြစ်ရှိတယ်လို့ ခံစားရပြီး သူမရဲ့လည်ပင်းကို မသိစိတ်က ကျုံ့လိုက်တယ်"ငါအခု villaကိုမပြန်ဘူး၊ Yaoshi Entertainment မှာလုပ်စရာတွေ ရှိနေတုန်းပဲ "
ဝမ်ကျင်းရဲ့ အမူအရာသည် အလွန်သဘာဝကျပြီး ချို့ယွင်းချက်ကို မည်သူမျှ မမြင်နိုင်ပေYaoshi Entertainmentက ဝမ်လောင်ရှီးရဲ့အေဂျင်စီဖြစ်သည်
ရွမ်ကျင်းဟုန်က သံသယမဝင်ဘဲ သူမကို နှလုံးသားထဲမှာ သဘောကျသွားတယ်
![](https://img.wattpad.com/cover/360067463-288-k295546.jpg)
YOU ARE READING
ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်
RomanceI don't own this story Credit to original author