ရွမ်ကျင်းဟုန်နဲ့ ကျင်းဇီယိ အချိန်အတော်ကြာ စကားဆက်ပြောနေခဲ့ပြီး အသံချဲ့စက်မှ အသံကိုကြားလိုက်ရတယ်
"ပထမဆုံးmission အတွက်အချိန်ပြည့်ပါပြီ၊အားလုံး ဟင်းပွဲများကို ယူလာပြီး ခြံအလယ်မှာလူစုကြပါ"
ထိုအသံကိုကြားလိုက်ရမှ ရှိုးပွဲထဲရှိနေဆဲဖြစ်ကြောင်း သတိရသွားပြီး အမြန်လမ်းခွဲလိုက်ကာ သက်ဆိုင်ရာလုပ်ဖော်ကိုင်ဖက်များဆီ ပြန်သွားခဲ့သည်
ရွမ်ကျင်းဟုန် မီးဖိုချောင်သို့ ရောက်တဲ့အခါ
ဝမ်ကျင်းက ကြက်သားခေါက်ဆွဲပြုတ်ကို ပန်းကန်လုံးများထဲထည့်ကာ ဗန်းပေါ်တွင် တင်ထားပြီး အရံဟင်းလျာများကိုလည်း ပန်းကန်အသေးများဖြင့် ထည့်ထားပြီးနေပြီဖြစ်သည်ဝမ်လောင်ရှီးကို အလုပ်အများကြီးလုပ်ခိုင်းမိသွားတယ် !!
ရွမ်ကျင်းဟုန် က အပြစ်ကင်းစွာ ရှေ့ကို လှမ်းလာပြီး "ဝမ်လောင်ရှီး ပြန်လာပါပြီ"
"အင်း" ဝမ်ကျင်း က ဗန်းကို ဦးစွာကောက်ယူပြီး ရွမ်ကျင်းဟုန်ကို ကြည့်ကာ "အရံဟင်းတွေကို ယူလာခဲ့" လို့ပြောခဲ့တယ်
ဗန်းထဲတွင် ပန်းကန်လုံးနှင့် ကြွေပန်းကန်ပြားများ ရှိနေသဖြင့် ရွမ်ကျင်းဟုန်က ၎င်းတို့ကို မကွဲစေချင်တာကြောင့် ဝမ်ကျင်းရဲ့ ညွှန်ကြားချက်အတိုင်း အရံဟင်းများကိုယူလိုက်ပြီး မတော်တဆ ဝင်တိုက်မိမည်ကို စိုးရိမ်သော
ကြောင့် ဝမ်ကျင်းအနောက်မှ တစ်လှမ်းချင်း လိုက်သွားခဲ့သည်"မင်းနဲ့ကျင်းဇီယိက တော်တော်ကို ရင်းနှီးနေပုံရတယ် " ရှေ့က လမ်းလျှောက်နေတဲ့ ဝမ်ကျင်း က ရုတ်တရက် ပြောလိုက်တယ်
"ဟုတ်တယ် " ရွမ်ကျင်းဟုန်က ခေါင်းညိတ်လိုက်ပြီး"ဇီယိနဲ့က လိုက်ဖက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိလို့ မြန်မြန်ရင်းနှီးသွားတာ "
ဇီယိ?
ဝမ်ကျင်း ဘာမှဆက်မပြောတော့ဘဲ အရှေ့ကမြန်မြန် လျှောက်သွားလိုက်တယ်ရွမ်ကျင်းဟုန်: ?
"တကယ်တော့ ဝမ််လောင်ရှီး ပရိုဂရမ်အဖွဲ့က ငါတို့ကို အချိန်တစ်ခုပေးခဲ့တယ်၊ ဒါကြောင့် ငါတို့...."
YOU ARE READING
ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်
RomanceI don't own this story Credit to original author