Chapter 23

400 53 9
                                    

ဧည့်သည်တွေက တံခါးပေါက်ကို ကျောခိုင်းရပ်နေကြတာကြောင့် ဝမ်ကျင်းရောက်လာတာကို သတိမထားမိကြပေ။ အချိန်အတော်ကြာမှ
ဟော်ယိထုန်က သူမသူငယ်ချင်းကို တွေ့သွားကာ
"အားကျင်း နင်ဘယ်တုန်းက ရောက်လာတာလဲ"

"နင် 'bingshan ' လို့ ပြောတုန်းက "

ဝမ်ကျင်း သူမခန္ဓာကိုယ်မှ လေအေးများကို ထုတ်လွှတ်လိုက်သကဲ့သို့ စကားလုံးများကိုပြောလိုက်သည်

တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရပ်နေတော့ အငယ်တန်းများက လည်ပင်းမှာ အေးစိမ့်စိမ့်ကို ခံစားနိုင်ပေမယ့် ဟော်ယိထုန် ကတော့ အဲဒါကို မခံစားရပါဘူး။ ဝမ်ကျင်းနဲ့ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပြီး သူမ ဖျော်ဖြေရေးအဝန်းအဝိုင်းသို့ မဝင်မီကပင် သူမရဲ့ဒေါသကို အများအပြားသိရှိခဲ့ပြီး
၎င်းကိုခံနိုင်ရည်ရှိနေသည်မှာကြာခဲ့ပြီ

"ငါ မိုက်မဲတဲ့စကား မပြောပါဘူး။ အခု နင့်ပုံစံက bingshan မဟုတ်ဘူးလို့ ပြောချင်တာလား ဟိုမှာ ကလေးတွေ ကြောက်နေပြီ "

ဟော်ယိထုန် က ထိုကဲ့သို့ပြောနေစဉ် သူမသည်
ရွမ်ကျင်းဟုန် ရပ်နေသည့် နေရာဆီသို့ တမင်တကာ စိုက်ကြည့်လိုက်သည်

ရွမ်ကျင်းဟုန် သည် ယနေ့တွင် အဖြူရောင် သိုးမွှေးအင်္ကျီကို ၀တ်ဆင်ထားပြီး သူမ၏ သွယ်လျသောလည်ပင်းကို တင်းတင်းကြပ်ကြပ် ဖုံးအုပ်ထားကာ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေပြီး အမွေးအပြည့်မပေါက်သေးသော ကြောင်ဖြူလေးတစ်ကောင်ကို လူအများက တွေးတောစေသည်။ သူမ လက်ကိုင်အိတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အိတ်ကပိုင်ရှင်ကဲ့သို့ပင်၊ သူရဲ့ ဖြစ်တည်မှုကို လျှော့ချရန် ကြိုးစားနေသည်

ဝမ်ကျင်း ၏ နှလုံးသားများ ပျော့ပျောင်းသွားပြီး သူမ သက်ပြင်းချလိုက်သည်- ဒီသနားစရာ‌
ကောင်းတဲ့ ကလေးမလေးက အသိအကျွမ်းမရှိတာကြောင့် ထိန်းထားရပေလိမ့်မည်။
ခြံထဲကို ဝင်လိုက်တာနဲ့ ဒီကလေးကို တစ်ချက်ကြည့်ခဲ့တယ်၊ ဟော်ယိထုန် က အနှောင့်အယှက်ပေးဖို့ ထွက်လာတာမဟုတ်ရင် သူတို့နှစ်ယောက် စကားစမြည်ပြောနေပြီဖြစ်သည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now