Chapter 30

462 49 9
                                    

ရွမ်ကျင်းဟုန် စိတ်ရှုပ်ထွေးနေသည့်ပုံပေါက်နေတဲ့ ကျင်းဇီယိကိုကြည့်ကာ "ဇီယိ လာထိုင်ပါဦး။ မုန့်စားချင်လား အိမ်က ယူလာခဲ့တယ်၊ပရိုဂရမ်အဖွဲ့မှာ ဒါတွေမရှိဘူး "

"ကောင်းပြီ !"  ကျင်းဇီယိ အလျင်စလိုခေါင်းညိတ်လိုက်သည်

စီနီယာဝမ် ထိုမျက်နှာထားနှင့် ဘဲကိုင်ထားတာကို သူမကြည့်စရာမလိုသရွေ့ ဘာမဆိုလုပ်ပေးနိုင်တယ်

ကျင်းဇီကို ဆိုဖာပေါ်ထိုင်ခိုင်းလိုက်ပြီး ပန်းရောင်အိတ်ငယ်လေးထဲက မုန့်မျိုးစုံကို ထုတ်ယူလိုက်တယ်

အစပ်ချောင်းများ၊ သကြားလုံးများ၊ ဘီစကွတ်များ အစရှိသည်ဖြင့် သရေစာမျိုးစုံရှိသည်

ပြောစရာမလိုအောင်၊ ဒီပန်းရောင်အိတ်လေးရဲ့ တစ်ဝက်ကို မုန့်ထည့်ဖို့ အသုံးပြုထားသည်ဟု ခန့်မှန်းနိုင်တယ်

ကျင်းဇီယိ ဆိုဖာပေါ်ရှိ မုန့်ပုံကြီးကို ကြည့်ပြီး
"အားရွမ်၊ ဆိုင်တစ်ခုလုံးကို ရွှေ့လာတာလား "

ရွမ်ကျင်းဟုန် ရယ်မောရင်း "ငါ နိုင်ငံခြားမှာ ရက်အတော်ကြာနေမှာမလို့ အစားအသောက်နဲ့ အဆင်မပြေမှာကို စိုးရိမ်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တာ "

ကျင်းဇီယိ တွေးလိုက်တယ်- ငါ့ညီမလေးက နိုင်ငံခြားသွားတဲ့အခါ အစားအသောက် အဆင်ပြေမှာကို စိတ်ပူပြီး သရေစာလေးတွေ ယူလာတယ်

သူမ ညစာအတွက် ဒေသထွက် သရေစာများကို စားခဲ့ပြီး အရသာက သူမကိုမဆွဲဆောင်နိုင်ပေ။  ယခု သူမ ငယ်ငယ်က ရင်းနှီးခဲ့သော သရေစာများကို မြင်လိုက်ရသောအခါ ဆက်စပ်မှုတစ်ခုကို ခံစားလိုက်ရသလိုပဲ

အစပ်ချောင်းတစ်ထုပ်ကို ကောက်ယူပြီး အိတ်ကို ဆွဲဖြဲကာ နည်းနည်းလှုပ်လိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်တယ်

"ဟမ်!!! ကောင်းတယ်၊ အရသာရှိတယ်ဟ " 
ကျင်းဇီယိ ဝမ်းသာအားရ ပြောလိုက်တယ်

ဒါကိုမြင်တော့ ရွမ်ကျင်းဟုန်လည်း အစပ်ချောင်းတစ်ထုပ်ကို ဖွင့်ပြီးစားလိုက်တယ်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now