Chapter 31

226 40 13
                                    

ကျင်းဇီယိ ထွက်သွားပြီးနောက် ရွမ်ကျင်းဟုန် ရေဘူးကိုင်ထားရင်း ဝမ်ကျင်းကို အတော်ကြာအောင်စိုက်ကြည့်နေမိပြီး ထပ်ပြီးတွန်းအားပေးလိုက်သည်

" ဝမ်လောင်ရှီး လည်ချောင်းစပ်နေသေးရင် ရေများများထပ်သောက်လိုက်ပါလား "

သူမပြောသလို ဝမ်ကျင်းက ရေမသောက်ဘဲ ရေဘူးအဖုံးကိုပဲလှည့်နေကာ
" လည်ချောင်းက မစပ်တော့ဘူး၊ သက်သာသွားပြီ "

ဟမ် ?ရုတ်တရက်ကြီးလား ??

ဝမ်ကျင်းရဲ့ လည်ပင်းမှတစ်ဆင့် မျက်နှာကို
ကြည့်လိုက်ကာ သက်သာနေပုံရပေမယ့် ခုနက
အခြေအနေကို ပြန်တွေးမိကာ သူမအနည်းငယ်
စိုးရိမ်နေသေးသည်

" ဝမ်လောင်ရှီး နောက်တစ်ခါ ဒီလိုအဆာပြေမုန့်တွေမစားတာ ပိုကောင်းမယ် ၊ မင်းသမီးရဲ့ လည်ချောင်းက မထိခိုက်သင့်ဘူး "

" ဒီအစပ်တွေကို မင်းလဲစားလို့ရတယ် ၊ ကျင်းဇီယိလည်းရတယ် ၊ ဒါပေမယ့် ငါမစားရဘူး ? "
ဝမ်ကျင်းရဲ့အသံကနူးညံ့ပြီး ဝမ်းနည်းနေသလိုပင်

ရွမ်ကျင်းဟုန် ဝမ်ကျင်းနဲ့ ငြင်းခုန်မနေတော့ဘဲ ခေါင်းစဥ်ပြောင်းလိုက်တယ်

" ဝမ်လောင်ရှီး စောစောအိပ်ရအောင် ၊ရေအရင်ချိုးချင်လား "

9နာရီ ကျော်ရုံပဲရှိသေးတာကို အိပ်တော့မယ် ?
ဝမ်ကျင်း ဆိုဖာနောက်ကို ပျင်းရိစွာ မှီလိုက်ရင်း
" မင်းအရင်ချိုးလိုက်ပါ ၊ လက်တွေကိုက်ခဲနေလို့
မလှုပ်ချင်သေးဘူး "

ထိုသို့ပြောလိုက်တော့ သူမကအရင်င်ထွက်ပြီး ရေသွားချိုးလိုက်ရင် နှလုံးသားမဲ့လွန်းသလိုဖြစ်နေလိမ့်မည်

ရွမ်ကျင်းဟုန် ဆိုဖာပေါ် ပြန်ထိုင်လိုက်ပြီး "ဝမ်လောင်ရှီး လက်ကဘာဖြစ်တာလဲ၊ နေ့ခင်းက ပင်ပန်းခဲ့လို့လား "

"ပစ္စည်းတွေ အများကြီးသယ်ထားမိလို့ထင်တယ်"ဝမ်ကျင်း ရိုးသားပြီး အပြစ်ကင်းစင်တဲ့မျက်နှာလေးကို ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်

ရွမ်ကျင်းဟုန် အပြစ်ရှိသလို ခံစားလိုက်ရတယ်
'တကယ်တော့ အဲ့ပစ္စည်းတွေက ငါသယ်မှာ
ဝမ်လောင်ရှီးရဲ့ ခန္ဓာကိုယ်က အဖိုးတန်တယ်လေးလံတဲ့ထုတ်တွေကိုကြာကြီးဆွဲခိုင်းခဲ့မိတယ်ငါသာ မြေပုံကို မြန်မြန်နားလည်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး "

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now