Chapter 3

510 60 0
                                    

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတဲ့လူတွေလဲသူမအကြောင်းကို ပြောလာကြတယ်

[ ဒီလူသစ်လေးက ဘယ်ကလာတာလဲ ၊ သူမကဘာလို့ ဒီလောက်ချစ်ဖို့ကောင်းနေကတာလဲ ]

[ သူမက ရွမ်ကျင်းဟုန် လို့ခေါ်တယ်မလား၊
မစ္စဝမ် မှာဒရမ်မာတွေအများကြီးရှိတာကိုဘာလို့ ' jinghong ' ကိုရွေးတာလဲ၊ ဒါကဖွင့်ပြောတာလား ]

[ ရွမ်ကျင်းဟုန်က school girl ဒရမ်မာထဲက ရက်စက်ကြမ်းကြုတ်တဲ့ ဒုတိယမင်းသမီးမဟုတ်လား ]

[ ဟုတ်တယ် အဲ့တာသူမပဲ ၊ သူမက အပြင်မှာပိုလှတာပဲ ]

[ သူမနဲ့ Queen Wen လက်ကိုင်လိုက်တဲ့ မြင်ကွင်းက အရမ်းကိုချိုမြိန်တာပဲ ]

[ Queen Wen က အခြားတစ်ယောက်ရဲ့လက်ကိုကိုင်တယ် ? ငါဘာတွေလွတ်သွားတာလဲ ]

[ အပေါ်ကတစ်ယောက် မင်းရတနာကိုလွတ်သွားတာ ပုံ ၁ ပုံ၂ ပုံ ၃ ]

[ Boss မင်းကအရမ်းမြန်တာပဲ ၊ မြန်မြန်ဒီပုံတွေကို တင်လိုက်တော့ >< ]

[ အဲ့နေရာမှာ လူတွေအများကြီးရှိပေမယ့် နတ်ဘုရားမ ကသူမကိုပဲ လက်ညိုးထိုးခဲ့တာ ၊ ပြီးတော့ သူမကလည်း ဇာတ်ကားတွေအများကြီးထဲက ' jinghong 'ကိုရွေးခဲ့တယ် ၊ ငါတော့အနံ့တွေရနေပြီ (^◡^ )]

[ ထိတ်တန်းရုပ်ရှင်ဘုရင်မရဲ့ ဇနီးငယ် ]

[ ရုပ်ရှင်ဘုရင်မက ငယ်ရွယ်တဲ့ချစ်သူ ရှိနေနိုင်တာပဲ ]

[ hahaha ဒါပေမယ့်ငါကြိုက်တယ် ]

အဲ့ဒီမှာစနှောက်နေတဲ့လူတွေ အများကြီးရှိပေ
မယ့် ဘယ်သူမှအလေးနက်မထားခဲ့ကြဘူး

***

အခမ်းအနားက ည၁၁နာရီမထိုးခင်မှာ ရုတ်သိမ်းလိုက်သည် ။
ရွမ်ကျင်းဟုန် က ဆုမရရှိခဲ့သော်လည်း အဖော်အဖြစ် စင်မြင့်ပေါ်တက်ခဲ့ရတယ်
အမရန်ရဲ့ အဆိုအရ ဒီလိုအချိန်မျိုးမှာ စင်ပေါ်တက်ပြီး ပြုံးနေရုံနဲ့ ပိုက်ဆံရလိမ့်မယ်

အခမ်းအနားပြီးဆုံးသည်နှင့် တစ်နေကုန်ဗိုက်ဆာနေသော ရွမ်ကျင်းဟုန်သည် မီတာ၁၀၀အပြေးနှုန်းဖြင့် ထွက်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now