တက္ကသိုလ်A သည် ထင်ရှားကျော်ကြားတဲ့ ထိပ်တန်းကျောင်းဖြစ်ပြီး နှစ်၇၀ပြည့် နှစ်ပတ်လည်ဖြစ်တာကြောင့် အလွှာပေါင်းစုံမှလူများလာရောက်ကြပြီး အရှေ့တံခါးမှ ကျောင်းမြောက်ဘက် တံခါးအထိ ဇိမ်ခံကားများနှင့် ပြည့်နှပ်နေသည်
ရွမ်ကျင်းဟုန်က ကျောင်းသူအဖြစ်ဝတ်ဆင်ကာ ကျောင်းထဲသို့ဝင်ရောက်ခဲ့သည်။ ကျောင်းဝန်းအတွင်းရှိ တာဝန်ခံအရာရှိကရွမ်ကျင်းဟုန်ကိုမြင်ကာ " မင်းက ကျောင်းသူအသစ်လား၊ ဟောပြောခန်းမကိုသွားပါ ဟိုမှာ' "သူကလမ်းကြောင်းတစ်ခုကိုညွှန်ပြသည်
ရွမ်ကျင်းဟုန်လည်း ချောင်ရှင်းကို လူများ
ဖြင့်စည်ကားနေသည့် ဟောပြောပွဲခန်းမကိုဆွဲခေါ်သွားလိုက်သည်။သူတို့နှစ်ဦးက ဒုတိယထပ်နောက်ဆုံးတန်းမှာထိုင်ခုံရခဲ့ပြီး စင်မြင့်ပေါ်ကိုလုံးဝမမြင်ရပေ
ကံကောင်းစွာဖြင့် ပရိုဂျက်တာတစ်လုံးရှိပြီး စင်ပေါ်ကမြင်ကွင်းကိုပြသနေသည်ယခုစင်ပေါ်မှာပြောကြားနေသည့်လူမှာ တက္ကသိုလ်A ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခ
ဝမ်ကျင်းဖြစ်သည်
ရွမ်ကျင်းဟုန်လည်း ဖန်သားပြင်ပေါ်က ထွန်းလင်းတောက်ပနေသည့် ဝမ်ကျင်းကိုကြည့်လိုက်ပြီး သူမရဲ့ကျောင်းသားဘဝက အိမ်မက်တစ်ခုလိုမျိုးခံစားလာရတယ်၊သူမက ကောင်းမွန်စွာလေ့လာဆည်းပူးလိုပြီး အနာဂတ်တွင် တည်ငြိမ်သော အလုပ်အကိုင်ကိုရှာဖွေက လူ့အဖွဲ့အစည်းအတွင်းအသုံးကျလိုသောလူဖြစ်ချင်ခဲ့တယ်၊ သို့သော် သူမရဲ့နောက်ဆုံးနှစ်တွင် လှပတဲ့ရုပ်ရည်ကြောင့် ကင်းထောက်များကတွေ့ရှိခဲ့ပြီး ဖျော်ဖြေရေးနယ်ပယ်သို့ဝင်ရောက်ခဲ့သည်
သူမသရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ခဲ့တာကအဲ့အချိန်မှာ ပိုက်ဆံကိုအရေးတကြီးလိုအပ်နေခဲ့လို့ဖြစ်သည်ကျယ်လောင်သောလက်ခုပ်သံတွေကြောင့် သူမအတွေးများက လက်တွေ့ဘဝသို့ပြန်ရောက်လာခဲ့သည်။ ဝမ်ကျင်းရဲ့ မိန့်ခွန်းကပြီးဆုံးသွားခဲ့ပြီ။
ရွမ်ကျင်းဟုန်လည်း ထိုင်ခုံမှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။ ချောင်ရှင်းက ဖုန်းလက်ခံရရှိခဲ့ပြီး အရင်ပြန်သွားခဲ့တာကြောင့် ယခုအခါ သူမတစ်ယောက်တည်းဖြစ်နေသည်
YOU ARE READING
ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်
RomansaI don't own this story Credit to original author