Chapter 16

467 59 11
                                    

ဝမ်ကျင်းက "Jinghong" ဟူသော စကားလုံးကို ပြောသောအခါ သူမရဲ့လေသံက အလွန်ပေါ့ပါးနေပြီး မမြင်နိုင်တဲ့ ထူးဆန်းနေသောအရိပ်အ
ယောင်များ ရှိနေသည်

ရွမ်ကျင်းဟုန်မျက်နှာ အနည်းငယ်ပူနေသလို ခံစားရတယ်၊ဝမ်ကျင်းက ရုပ်ရှင်အမည်ကို ပြောပေမယ့် သူမရဲ့နာမည်ကိုခေါ်နေသလိုမျိုးပဲ~

ကျောင်းမှာ ဆရာမခေါ်တဲ့အခါ မကြာခဏကြားလေ့ရှိတဲ့ နာမည်တစ်ခုပေမယ့် ဝမ်ကျင်းရဲ့ ပါးစပ်ကနေ ထွက်လာတော့ ဆွဲဆောင်မှုရှိနေတယ်

'ဝမ်လောင်ရှီးက ရုပ်ရှင်အကြောင်းပြောနေတာလေငါဘာတွေ တွေးနေတာလဲ '

ရွမ်ကျင်းဟုန်က ခေါင်းယမ်းလိုက်ပြီး ဝမ်ကျင်းကို ကြည့်ကာ အတတ်နိုင်ဆုံး သဘာဝအတိုင်း ပြုမူရန် ကြိုးစားလိုက်သည်

"အင်း၊ ဇာတ်ကားက အရမ်းကောင်းတယ်။ အနီရောင်ဝတ်ထားတဲ့ ဝမ်လောင်ရှီးက အရမ်းမိုက်တယ်၊ တချို့ဇာတ်ကွက်တွေကို လူစားထိုးတယ်လို့ ထင်ခဲ့တာ "

"ငါက လူစားထိုးဖို့မလိုပါဘူး " ဝမ်ကျင်း ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး နောက်ဘက်သို့ မှီကာ ကားပေါ်မှ မထွက်ဘဲ နေလိုက်သည်။ သူမစကားပြောပြီးသည့်နောက်တွင် ရွမ်ကျင်းဟုန်ရဲ့မျက်လုံးထဲက အထင်ကြီးမှုကိုတွေ့လိုက်ရလို့ ကျေနပ်ဝမ်းသာသွားတယ်

သူမ နှလုံးသားထဲမှာ တတိယအကြိမ် သက်ပြင်းချပြီးနောက် "ဝမ်လောင်ရှီးက အရမ်းစိတ်အားထက်သန်ပြီး အံ့သြစရာကောင်းတယ်" ရွမ်ကျင်းဟုန်က သူမကိုယ်သူမ ဆိုးရွားလွန်းတဲ့ အပြုအမူကို  မပြုလုပ်မိအောင်ခေါင်းစဉ်ပြောင်းလိုက်ကာ

"ဒါနဲ့ ဝမ်လောင်ရှီး ဒီနေ့ တစ်ယောက်တည်း ကားမောင်းလာတာ၊ အမရှောင်ယွမ် မလာဘူးလား"

အမ ရှောင်ယွမ် ?

ဝမ်ကျင်းက တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်ပြီး ပုံမှန်အတိုင်း ပြန်နေလိုက်ကာ" ရှောင်ယွမ် ကအရမ်းပင်ပန်းနေပြီ၊ငါ သူ့ကိုရက်အ
နည်းငယ် အနားယူခွင့်ပေးလိုက်တယ်"

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now