Chapter 32

369 41 9
                                    

ရေပူစမ်းကိုကျောက်ဆောင်များ၊ သစ်တောများ ဖြင့်ဝန်းရံ၍တည်ဆောက်ထားကာ လူသွားလမ်းကို မတူညီသော ကျောက်စရစ်ခဲများခင်းထားသည်။ ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ပြီး တိတ်ဆိတ်လှသည်

ရေငွေ့များကြားတွင် ဝမ်ကျင်းက ရေစိမ်နေပြီဖြစ်ပြီး သူမရဲ့ အနက််ရောင်ဆံပင်ရှည်များကို ချည်နှောင်ထားကာ ဆံံပင်အနည်းငယ်မျှသာ သူမပခုံးပေါ်သို့ကျနေသည်

ရွမ်ကျင်းဟုန် သူမကိုကြည့်နေတဲ့ ဝမ်ကျင်း
ကြောင့် ရေကန်နားကိုအမြန်သွားလိုက်ကာ ရေချိုးပုဝါကို ချွတ်လိုက်ပြီး ရေထဲဝင်ဖို့
ဖြူဖွေးနေတဲ့ ခြေထောက်ကိုဆန့်ထုတ်လိုက်တယ်

"hahaha " ဝမ်ကျင်းရဲ့ ရယ်သံက သူမရဲ့လှုပ်ရှားမှုကို ရပ်တန့်သွားစေသည်

ရွမ်ကျင်းဟုန် အကျယ်ကြီးရယ်နေတဲ့ ဝမ်ကျင်းကို နားမလည်နိုင်စွာ ကြည့်လိုက်တယ်

"ဘာမှမဟုတ်ပါဘူး၊ မင်းရဲ့ ရေကူးဝတ်စုံက နည်းနည်းချစ်ဖို့ကောင်းနေလို့ပါ"

ဝမ်ကျင်းက အပြုံးနဲ့ပြောလိုက်ပြီး သူမမျက်လုံးများက ရွမ်ကျင်းဟုန်ရဲ့ ရေကူးဝတ်စုံပေါ်က peppa pigကို ကြည့်နေမိသည်

ရွမ်ကျင်းဟုန် ထိုအကြည့်ကြောင့် ရှက်ရွံ့မှုအနည်းငယ်ခံစားလိုက်ရပြီး သူမရဲ့ ရင်ဘက်ကို ဖုံးလိုက်တယ်၊ ထို့နောက် ဤလုပ်ရပ်က ပို၍ပင် ရှက်ဖို့ကောင်းကြောင်း သဘောပေါက်သွားပြီး ရေကန်ထဲသို့ တန်းဆင်းလိုက်ကာ သူမခန္ဓာကိုယ်ကို ရေထဲသို့နစ်မြုပ်စေလိုက်သည်

ရေပူစမ်းမှာ အမိုးအကာများရှိနေသော်လည်း peppa pigရဲ့ တောက်ပနေတဲ့ အရောင်ကို ရေထဲတွင်ပင် မြင်နေရဆဲဖြစ်သည်၊ အရှေ့ဘက်က
ဝမ်ကျင်းရဲ့ အကြည့်နှင့် ပေါင်းလိုက်ရာ
ရွမ်ကျင်းဟုန် နေရာမှာတင် ပျောက်ကွယ်ချင်သွားတယ်

ဒါက peppa pig ရေကူးဝတ်စုံတစ်ခုသာမဟုတ်ပေ၊ အကန့်အသတ်နှင့် ရောင်းချတာဖြစ်တယ်၊
ဘာရယ်စရာပါလဲ ?

ရွမ်ကျင်းဟုန်ဒေါသတကြီး နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဝမ်ကျင်းရဲ့အကြည့်ကို ရဲဝံ့စွာပြန်ကြည့်လိုက်သည်၊သို့သော် ထိုအမျိုးသမီး မျက်လုံးထဲတွင် သူမနားမလည်နိုင်သော အရာများလည်းပါဝင်နေတာကြောင့် ပို၍ပင်ရှက််ရွံ့သွားသည်

ရုပ်ရှင်ဘုရင်မနဲ့ ငါရဲ့Cpကနာမည်ကြီးလာတယ်Where stories live. Discover now