Ch3 (ထမင်းပန်းကန်လုံးကြီး)

427 75 0
                                    


ကျန်းပိုင်ယဲ့တစ်ယောက် မှေးကနဲ အိပ်ပျော်သွားသောအခါ မိခင်ဖြစ်သူ ဟယ့်ရှီက လာနှိုးလေသည်။ တစ်ရေးနှိုးသည်နှင့် ထမင်းနှစ်ပန်းကန်မျှကို တစ်ကြိတ်တည်း အဝစားပစ်လိုက်သည်။ ဗိုက်ဆာလွန်း၍ ထမင်းများက အောက်သိုးသိုး အနံ့ထွက်နေပြီး အရသာဆိုးနေသည်ကိုပင် မမှုနိုင်တော့ဘဲ မိသားစုသုံးယောက်လုံး မြိန်ရေယှက်ရေ စားနေကြသည်။

"ဒီလိုညစာကောင်းကောင်းမစားရတာတောင် တော်တော်ကြာပြီ...ဗိုက်ကိုပြည့်သွားတာပဲ"
ကျန်းတကျူးမှာ ဗိုက်ပြည့်တင်းနေ၍ အိပ်ရာပေါ်တွင် လှဲအိပ်ချင်နေပြီဖြစ်သည်။

"အဖေ...ကျွန်တော်နဲ့ အိမ်အရင်ရှင်းရအောင်"
အိမ်ရှင်းရန် ကျန်နေသေးသောကြောင့် ကျန်းပိုင်ယဲ့လည်း ပြည့်တင်းနေသော ဗိုက်ကို လျစ်လျူရှုလျက် တံမြက်စည်းတစ်ချောင်းကို ဆွဲယူကာ ဝါးတိုင်နှင့် ချည်လိုက်ပြီး အိမ်တစ်ခုလုံးရှိ ပင့်ကူမျှင်များနှင့် ဖုန်မှုန့်များကို လှည်းကျင်းဖယ်ရှားလိုက်သည်။

ယခုဆိုလျှင် ရွာထဲရှိ လူတိုင်းက အရှက်တကွဲ အကျိုးနည်းနှင့် ဇာတ်သိမ်းမလှမပဖြစ်မည့် သူတို့မိသားစုကို မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်။ သို့သော် ခေတ်သစ်ကမ္ဘာတွင် နေထိုင်ခဲ့သော မှတ်ဥာဏ်များကို ပြန်ရလာပြီးနောက် အခြားသူများ၏ အမြင်ကို ကျန်းပိုင်ယဲ့ ဂရုမစိုက်တော့ပေ။ဘ

သို့သော် အမြှောက်စာဇာတ်ကောင်၏ ဆိုးရွားသော ကံကြမ္မာကို ဖျက်ပစ်ပြီး ချမ်းသာကြွယ်ဝသော ဘဝတွင် နေနိုင်ရန် ယခင် အတိတ်ဘဝက လုပ်ခဲ့သမျှကို သူရှောင်မှဖြစ်မည်။

အနောက်ဘက်တွင်ရှိသော မီးဖိုချောင် ၊ တောင်ဘက်ကို မျက်နှာမူနေသော အိပ်ခန်းနှစ်ခန်း ၊ ပင်မဧည့်ခန်းတစ်ခန်း ၊ ဂိုဒေါင်တစ်ခု ၊ နွားတင်းကုပ်နှင့် တဲတစ်ဝက်ခန့်ကို သန့်ရှင်းရေးလုပ်ပြီးနောက် နံရံများနှင့် ကြမ်းခင်းများတွင် အက်ကွဲကြောင်းများ အများအပြားရှိနေသည်ကို ကျန်းပိုင်ယဲ့ တွေ့လိုက်ရသည်။

ယခင်ဘဝက မိုးဒဏ်ကြောင့် ဤအိမ်များ ပြိုကျပျက်စီးခဲ့သည်မှာလည်း မထူးဆန်းပါပေ။ အပျက်အစီးများကို ပြုပြင်နိုင်ရန် သူ တတ်နိုင်သမျှ ခပ်မြန်မြန် နည်းလမ်းရှာရမည်။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now