Ch2.1

369 60 0
                                    

"ချန်းဆွေ့ရဲ့ ယုတ်ညံ့တဲ့ အကျင့်စရိုက်ကြောင့် နောက်ကျရင် ဘာပြဿနာတွေဖြစ်လာဦးမလဲမသိဘူး...ထောင်ထဲသာရောက်သွားရင် အစိုးရစာမေးပွဲလည်းကျမှာပဲ"
လီနာနာက ပြောလာသည်။

အဖိုးကြီးကျန်းမှာလည်း ထိုအခါမှ ချက်ချင်း အသိပြန်ဝင်လာသည်။
"မိသားစုကြီးထဲကနေ ခွဲလိုက်ရုံနဲ့ မလုံလောက်သေးဘူးလို့ထင်တယ်...ဒီဆက်ဆံရေးကို ခပ်ပြတ်ပြတ်လုပ်မှဖြစ်မယ်...အဲဒီခွေးကောင်လေး ငါတို့မိသားစုကို ဒုက္ခမပေးနိုင်အောင် သေသေချာချာစောင့်ကြည့်ထားကြ"

ထိုဒုက္ခပေးနိုင်လွန်းသော ကျန်းပိုင်ယဲ့မှာ ရွာအလယ်ရှိ ကျန်းအိမ်တော်မှ ပစ္စည်းများကို အစုအပုံလိုက် ယူလာပြီး တောင်ကုန်း အနောက်ဘက်ရှိ သက်ငယ်မိုး တဲအိမ်များရှိရာသို့ သယ်သွားသည်။

လမ်းတစ်လျှောက်တွင် နေ့လည်စာစားရန် စိုက်ခင်းများမှ ပြန်လာကြသော ရွာသူရွာသားများမှာ သူတို့မိသားစုကို တွေ့လိုက်ရ၍ အံ့ဩသွားကြသည်။ ကျန်းအိမ်တော်မှ အဖြစ်အပျက်များကလည်း ရွာထဲတွင် ဟိုးလေးတကျော် ပျံ့နှံ့သွား၏။

"သူတို့က ငါတို့ကို လာကစားနေတာလား..."

"မြန်မြန်လုပ်...ခြံထဲက ဟင်းသီးဟင်းရွက် စိုက်ခင်းကို ကြည့်ထား...အိမ်မှာရှိတဲ့ ကြက်တွေ ဘဲတွေကိုရောပဲ...အခိုးမခံရစေနဲ့"

အတိတ်ဘဝက သူ နှစ်နှစ်မျှ နေထိုင်ခဲ့သော တဲအိမ်ဆီသို့ မရောက်မီ တဲအိမ်ဘေး မလှမ်းမကမ်းတွင်ရှိနေသော အုတ်အိမ်လေးကို ပထမဆုံး တွေ့လိုက်ရသည်။

ထိုအုတ်အိမ်မှာ အနည်းငယ် ယိုယွင်းပျက်စီးနေ၏။ ထိုအိမ်ကို ဇာတ်လိုက်၏ အဖိုးဖြစ်သူက ရေကြည်ရွာတွင် အရာရှိတစ်ယောက် ဖြစ်ခဲ့စဥ်က ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် လုလီကျီကို မွေးသောနေ့၌ သူ့အဖိုးဖြစ်​သူက နာမကျန်းဖြစ်ကာ ဆုံးပါးသွားခဲ့ပြီး ရွာထဲတွင် မကောင်းသော ကောလဟာလအချို့ ပျံ့နှံ့လာခဲ့သည်။ ထိုကောလဟာလများက ယခုလက်ရှိ ရီကျန်းမိသားစု၏ သမီးဖြစ်သူကြောင့် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now