Ch 4 (ဇာတ်လိုက်၏ကြက်ခိုးခြင်း)

315 45 0
                                    


"မင်္ဂလာနံနက်ခင်းပါ..."
ကျန်းပိုင်ယဲ့၏ မျက်လုံးများက အခြေအနေကို နားလည်သည့် အရိပ်အယောင်များဖြင့် တလက်လက်တောက်နေသည်။ ဇာတ်လိုက်က သူ့ကို အမှန်တကယ် ရှောင်နေပုံပင်။

ဒီအတိုင်းသာဆိုလျှင် အခြေအနေက သိပ်မဟန်ပေ။

"ရေသွားခပ်မလို့လား...အတူတူသွားကြမယ်လေ"
ကျန်းပိုင်ယဲ့လည်း လက်ထဲမှ သစ်သားရေပုံးကို ကိုင်မြှောက်ကာ သူ့ကို အာရုံမစိုက်ဘဲ အရှေ့ကိုသာ အမြန်လျှောက်နေသူနောက်သို့ ခပ်သွက်သွက် လိုက်သွားလိုက်သည်။

"မနေ့က ငါတို့အိမ်ဘက်က ဆူဆူညံညံတွေလုပ်နေလို့ မင်း စာဖတ်တာ အနှောင့်အယှက်ဖြစ်သွားလား...အိမ်နီးချင်းတွေဆိုတော့ အဆင်မပြေတာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်နော်...ငါတို့လည်း အတတ်နိုင်ဆုံး ပြေလည်အောင် ညှိပေးပါ့မယ်"

"အင်အားကြီးသော ဝန်ကြီးများ၏ တန်ခိုးအာဏာနှိုးထလာခြင်း" ဟူသော ဝတ္ထုကို အစပိုင်းတွင် သူအတော်လေး ကြိုက်မိသော်လည်း ဝတ္ထုထဲမှ သူ
နှင့် နာမည်တူနေသော အမြှောက်စာဇာတ်ကောင်ကို သူကြည့်မရသလို စိတ်အနှောင့်အယှက်ဖြစ်လာခဲ့သည်။

သို့သော် သူကိုယ်တိုင် အမြှောက်စာဇာတ်ကောင်၏ ကိုယ်ထဲသို့ ဝိညာဥ်ကူးပြောင်းသွားသော ကျန်းပိုင်ယဲ့မှာ သူနှင့် တရွေ့ရွေ့ဝေးကွာသွားပြီး အရှေ့သို့ ခပ်မြန်မြန် ဆက်လျှောက်နေသည့် လုလီကျီ၏ သွယ်လျပိန်ပါးသော နောက်ကျောပြင်ကို ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ငေးကြည့်နေမိသည်။

"အေးလိုက်တာ...."

ယခင်ဘဝက သူ့စိတ်နှင့်ဆိုလျှင် အေးစက်လွန်းလှသော လုလီကျီကို ကျန်းပိုင်ယဲ့တစ်ယောက် အဖက်လုပ်ပြီး စကားပြောမိမည်မဟုတ်ချေ။

သို့သော် ယခုဘဝတွင်မူ သူ့အသက်နှင့် မိသားစု၏ အသက်ကို လောင်းကြေးထပ်ပြီး အရာရာကို ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်တော့ချေ။

လုလီကျီတစ်ယောက် မြစ်ကမ်းဘေးတွင် အဝတ်များကို လျှော်ဖွပ်ပြီးနောက် အပြန်လမ်းတွင် ရေဝင်ခပ်သင့် မခပ်သင့် ချီတုံချတုံ ဖြစ်နေခိုက် ရွာထဲရှိ အများသုံး ရေတွင်းတွင် ရွာသူရွာသားများစွာ စုဝေးနေကြပြီး တိုးတိုးကျိတ်ကျိတ် ပြောဆိုနေ​ကြသည်ကို တွေ့လိုက်ရသည်။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now