Ch6

511 51 4
                                    

ကံကောင်းသည်က ထိုအခြေအနေကို ကျန်းပိုင်ယဲ့ ကြိုတင်ခန့်မှန်းထားမိသောကြောင့် ကောလဟာလများ မပြန့်မီတွင် အရာရှိဝမ်နှင့် သွားတွေ့လိုက်သည်။

ကျန်းပိုင်ယဲ့က အကျိုးအကြောင်း ပြောပြလိုက်သောအခါ အရာရှိဝမ်တစ်ယောက် အတော်လေး ဝမ်းသာသွားသည်။
"မင်း သူတို့ကို တကယ်ပဲ လူကောင်းဖြစ်သွားအောင် လုပ်နိုင်တာလား...."
ထိုအရာက ချင်းရွှေရွာနှင့် အနီးအနားရှိ ရွာပေါင်းများစွာအတွက် အကျိုးရှိသော ကိစ္စမဟုတ်လား...

"ဒါပေမဲ့ တစ်သက်လုံး ဆိုးပေလာခဲ့တဲ့သူတွေက လွယ်လွယ်နဲ့ လူကောင်းဖြစ်လာနိုင်ပါ့မလား...အခုငြိမ်နေတယ်ဆိုတာကလည်း ပြဿနာရှာဖို့ အချိန်မရှိသေးလို့ နေမှာပေါ့"

သူ့စကားအဆုံး အရာရှိဝမ်က ရယ်မောရင်း ကျောပြင်ကို ခပ်ဖွဖွပုတ်ကာ ပြောလာသည်။
"ကောင်လေး...မင်းက ထက်မြက်တဲ့သူတစ်ယောက်ဆိုတာ ဦးလေးသိတယ်...အတွေးအခေါ်လေးတွေကလည်း ထူးခြားတော့ နောင်တစ်ချိန်မှာ ရွယ်တူတွေကြား ထင်းထွက်နေတော့မှာပဲ"

"ဦးလေး ချီးကျူးတာကို ကျွန်တော် ကျေကျေနပ်နပ် လက်ခံလိုက်ပါ့မယ်"
ကျန်းပိုင်ယဲ့က နည်းနည်းမှ မနှိမ့်ချဘဲ ခပ်ပြုံးပြုံး ပြန်ပြောလာသောအခါ အရာရှိဝမ်က ပိုပြီး သဘောကျသွားလေသည်။

ကျန်းပိုင်ယဲ့နှင့် လူမိုက်အုပ်စု၏ သတင်းမှာ ရွာရိုးကိုးပေါက် ပျံ့နှံ့သွားပြီး အဖိုးကြီးကျန်း၏နားဝသို့ ရောက်လာသည

"အဟင်း...ဒီကောင်တွေ ဟန်ဆောင်ပန်ဆောင်လုပ်နေတာ...ရက်ပိုင်းတောင်ခံမှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်...သိပ်မကြာခင် ဒီကိုပြန်လာပြီး သူတို့ကို ပြန်လက်ခံပေးဖို့ ခယတောင်းပန်လာလိမ့်မယ်"
ထိုသို့တောင်းပန်လာခဲ့လျှင်လည်း တစ်ခါတည်း အပြတ်ငြင်းလွှတ်လိုက်ရန် အဖိုးကြီးကျန်းတစ်ယောက် ကြိုတင် စဥ်းစားထားပြီးသားဖြစ်သည်။ သို့သော် ဘာကြောင့်ရယ်မှန်းမသိ သူ့ရင်ထဲတွင်
တအုံ့နွေးနွေးနှင့် မကျေမချမ်းဖြစ်နေမိသည်။

သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဆိုသလို ရက်အနည်းငယ် ကုန်လွန်သွားသော်လည်း ကျန်းပိုင်ယဲ့က ဆက်ပြီး အလုပ်ဖြစ်နေကာ သူ ဘာလုပ်နေမှန်း လူတိုင်း ခန့်မှန်းမိလာသည်။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now