Ch 4.1

289 39 1
                                    

"ဦးလေးဝမ်...ကျွန်တော်တို့မှာ ငွေကြေးအရင်းအနှီးလည်း နည်းနည်းပဲရှိတာ...လယ်မှမစိုက်ရင် ငတ်ပြတ်ပြီး သေဖို့ပဲရှိတာပေါ့"
လယ်စိုက်လိုသည့် အဓိက ရည်ရွယ်ချက်မှာ သူ့မိဘများကို လုပ်စရာတစ်ခုခုရှိစေလိုသောကြောင့်ဖြစ်၏။ သို့မဟုတ်လျှင် ကျန်းအိမ်တော်သို့ပြန်သွားရန်သာ တွေးနေကြလိမ့်မည်။

ထို့အပြင် သူတို့မိသားစု၏ အမှီအခိုကင်းသည့် ပုံရိပ်အား အဖိုးကြီးကျန်း၏ မိသားစုနှင့် အခြားသူများကို မြင်စေလို၍ဖြစ်သည်။

ကန်နိုလာ ၊ ပြောင်း ၊ ဂျုံ ၊ ပဲ ၊ နှမ်း ၊ မြေပဲ ၊ ဘူးသီး
ခရမ်းသီးနှင့် ကြက်သွန်ဖြူ မျိုးစေ့များကို ဝယ်ပြီးနောက် သစ်နှင့်ဝါးအတွက်လည်း အခကြေးငွေအချို့ပေးလိုက်ရသဖြင့် သူ့လက်ထဲရှိ တစ်ခုတည်းသော ငွေခွက်မှာ ပြောင်းသလင်းခါသွားသည်။ ငွေသား ဝမ်ငါးဆယ်ကိုလည်း သုံးခဲ့ရသည်။

အဖိုးကြီးကျန်းအိမ်မှ ယူလာသော ဟင်းသီးဟင်းရွက်များမှာလည်း ကုန်လုနီးပါးဖြစ်နေပြီ။ ထက်ဝက်ကျိုးနေသော ဆန်အိတ်ကလည်း အကပ်သာ ကျန်တော့သည်။ ပိုးထိုးနေသော ကန်စွန်းဥများကို သူစားရန် အစီအစဥ်မရှိပေ။ ခွေးနှင့် ကြက်များကိုလည်း အစာကျွေးရန် လိုသောကြောင့် အစေ့အဆန်တစ်ချို့နှင့် ဟင်းသီးဟင်းရွက်များဝယ်ရန် သူစီစဥ်ထားလိုက်သည်။

အမူအကျင့်များ ပြောင်းလဲလာသော သူ့ကိုကြည့်ကာ ဦးလေးဝမ်က ကျေနပ်သွားပြီး သူတို့မိသားစု၏ နွေဦးလယ်စိုက်ခြင်းက ပြီးတော့မည်ဖြစ်သောကြောင့် စိုက်ပျိုးရေးပစ္စည်းများနှင့် ကျွဲနွားများကို ငှားပေးမည်ဟု ပြောလာသည်။ ထိုသို့ဆိုလျှင် သူတို့လည်း အဖိုးကြီးကျန်းထံတွင် သွားငှားစရာမလိုတော့ပေ။

ယခုဘဝကို ကျန်းပိုင်ယဲ့ ပျော်ပျော်ရွှင်ရွှင်သာ ဖြတ်သန်းချင်တော့သည်။ သူ့ပျော်ရွှင်မှုအား လာနှောင့်ယှက်သူတိုင်းကို သူလည်း ညှာတာနေမည် မဟုတ်ချေ။

နေ့လည်ပိုင်းအချိန်တွင် ကျန်းပိုင်ယဲ့ အိမ်ပြန်ရောက်လာသောအခါ ရွှေဝါ​ကြီးက အမြှီးကို လှုပ်ယမ်းကာ သူ့ကို နှုတ်ဆက်သည်။ သူလည်း ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ထရပ်လိုက်သည်။ မိခင်ဖြစ်သူက တံခါးဝတွင် အပြုံးနှင့်
စောင့်ကြိုနေ၏။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now