Ch5(အရသာရှိစေရသာကြက်စွပ်ပြုတ်)

396 51 0
                                    


ကျဥ်းကျဥ်းကြပ်ကြပ် မီးခိုခန်းလေးတွင် ကျန်းပိုင်ယဲ့ ပတ်ရှာကြည့်လိုက်သောအခါ မုန်လာဥဖြူအချို့နှင့် ညှိုးနွမ်းနေသော ဟင်းသီးဟင်းရွက်လက်တစ်ဆုပ်စာမျှကိုသာ တွေ့ရသည်။

ဝတ္ထုထဲတွင် ရှင်းလင်းသိသာစွာ ဖော်ပြထားခြင်းမရှိသော်လည်း လုလီကျီက အချိုအရသာကို ကြိုက်နှစ်သက်မည့်လူမျိုးဟု ကျန်းပိုင်ယဲ့ ခန့်မှန်းမိသည်။

လုလီကျီ၏ ဟန်ပန်သွင်ပြင်က လက်ဖက်ရည်တစ်ခွက်ကဲ့သို့ ပေါ့ပါးနေပြီး ထာဝရတည်မြဲကာ ထည်ဝါခံ့ညားသည့် အဖြူရောင်မြူလွှာပါးလေးဖြင့် ဝန်းရံထားသည်။

ဖြစ်ချင်တော့ သူတို့အိမ်တွင်လည်း စားစရာ များများစားစား မကျန်တော့ပေ။ အမှားလုပ်မိသော ကလေးငယ်တစ်ယောက်ကဲ့သို့ စိတ်ဓာတ်ကျကာ မှိုင်တွေနေသည့် မိခင်ဖြစ်သူ ဟယ့်ရှီကို ကျန်းပိုင်ယဲ့ ကြည့်လိုက်မိသောအခါ သူ့လေသံတို့ ပျော့ပျောင်းသွားရသည်။
"အမေ...ပိုက်ဆံယူပြီး အိမ်ရှေ့နားလေးမှာ အသီးအရွက်ရောင်းနေတာရှိရင် သွားဝယ်ပါလားဟင်"

"အာ...အသီးအရွက်တွေကို ဘာလို့ဝယ်မှာလဲ...အမေ တောင်ပေါ်သွားပြီး စားလို့ရတဲ့ အသီးအရွက်လေးတွေ သွားရှာလိုက်မယ်လေ"
မိခင်ဖြစ်သူ ဟယ့်ရှီက နားမလည်နိုင်ဟန်ဖြင့် ပြန်ပြောလာသည်။

"ကျွန်တော် တောင်ကုန်း အနောက်ဘက်ကို သွားကြည့်ပြီးသွားပြီ...ကောင်းကောင်းကန်းကန်း အသီးအရွက် ဘာတစ်ခုမှမရှိဘူး"
တောင်ကုန်းက လူတိုင်း အလွယ်တကူတက်နိုင်လောက်သည်အထိ နိမ့်သောကြောင့် တိရစ္ဆာန်များနှင့် လူများစွာ အမြဲလိုလို သွားလာနေကြသည့် နေရာဖြစ်၏။ အသီးအရွက်များ ပေါလောနေလျှင်ပင် လူတိုင်းက ခူးယူလွန်းသောကြောင့် ပြောင်သလင်းခါနေလောက်ပြီဖြစ်သည်။

သို့သော် ချင်းရွှေရွာနှင့် ပတ်ဝန်းကျင်ရှိ အခြားသောရွာများစွာကို တောင်တန်းများက ပတ်လည်ဝန်းရံထားပြီး မရေမတွက်နိုင်သော မတ်စောက်
သည့် တောင်များနှင့် မည်သူမှ ခြေမချရဲသော လျှိုမြောင်များလည်းရှိနေသည်။ ထိုနေရာများတွင် ရှိနေသည့် အရင်းအမြစ်များမှာ လူတို့ စိတ်ကူး၍ မရနိုင်သော အရာများဖြစ်၏။

After cannon fodder gong started framing (ဘာသာပြန်)Where stories live. Discover now