part 10 (ဖက်ထုပ်လေးရဲ့စကားရှင်းတန်း)

347 26 9
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာ များသည် စာရေးသူ၏ စိတ်ကူးများသာဖြစ်သည်။

hobi သူ့စိတ်တေတအားလေးလံနေကာ သူ့ကိုတယောက်ယောက်အဖော်ပြု စကားပြောပေးနေတယ်ဆိုတဲ့အသိက သူ့ကိုသက်သာကာ လုံခြုံမှုအသိကို ပေးနိုင်တဲ့အတွက် သူတကယ့်ကို စိတ်ထဲနွေးထွေးမိတယ်

"ရေ.......ရေသောက်ချင်တယ်"

V အတွက် ပေါက်စရဲ့အသံက သူ့အတွက် ခွန်အားတေပြည့်ဝလာသလိုပင်

"ရေသောက်ချင်လို့လား.......ဟုတ်ပြီခဏနော်......"

Vကပျာကယာ ရေပြေးခက်ပေးကာ ဆရာဝန်တေကို အော်ခေါ်လိုက်ရန်လည်း မမေ့။

Vဝမ်းသာမှုကြောင့် အသံတေပါတုန်ယင်နေပြန်သည်

hobi သူရေသောက်ပြီးသွားမှ သူ့ရှေ့က သူမြင်ချင်လွန်းတဲ့မျက်နှာ ကိုမမြင်ရ မှုန်နေသောကြောင့် သူ့ရဲ့ဖွားတော်ဘက် မျက်မှန်ကို သတိရသွားသည်

'နေပါအုန်း သူ့မျက်မှန်ကော'

hobi သူ့အကျင့်အတိုင်း ကုတင်ဘေးက စားပွဲပေါ်ကိုလက်နှင့်လိုက်စမ်းပေမဲ့ မတွေ့တာကြောင့် ဒေါသကငယ်ထိတ်တက်လာသည် အနီးမှုန်တယောက်အတွက် မျက်မှန်က မရှိမဖြစ်လိုတယ်လေ ဟုတ်တယ်မလား

နောက်ပြီး သူမြင်ချင်နေတဲ့ သူကိုမတွေ့ရသေးဘူးလေ အသံဘဲမြင်နေရတာ မကျေနပ်ဘူးကွ

သူဒေါသထွက်လာကာ အနီးကအနှီလူကိုပင် အော်ထည့်လိုက်မိသည့်အမောင် hobi

"ငါ့မျက်မှန်ကော!!.......ဟမ်......ငါ့မျက်မှန်လို့"

"အော်.....မျက်မှန်လားခဏနော်......ကိုယ်ယူပေးမယ်.....ပေါက်စအသာနေမလှုပ်နဲ့......ကိုယ်ရှာပေးပါ့မယ်ဗျာ"

Vကပျာကယာ ဒေါသစိန် ဆရာပေါက်စကို မျက်မှန်ဆက်သလိုက်ရသည်

ပေါက်စရဲ့ခပ်စွာစွာ အသံလေးကိုပြန်ကြားမှ သူသက်ပြင်းချမိသည်

hobi သူ့မျက်မှန်လေး တပ်ပြီးနောက် စိတ်ကျေနပ်စွာ သူ့ရှေ့ကသူကို ကြည့်လိုက်တော့ ဘုရားပါတမိတော့မလိုဖြစ်သွားသည်

(Taehyung ရဲ့မျက်နှာက ဆယ်နှစ်စာလောက်အိုစာ သွားသလိုဘဲ ငါလေးဘဲ အမြင်မှားတာလား ကြည့်ပါအုန်း မျက်နှာက အဘိုးအိုလို အိုစာသွားတာဘဲ)

Secretary Jeon 🍒(completed)Where stories live. Discover now